EP_39

153 8 0
                                    

နွေဦးရဲ့ မကျေမနပ်နဲ့ စူးရဲနေတဲ့အကြည့်တွေက ချောနဒီဆီ ဒိုင်းခနဲရောက်သွားသည်။သူမက ဘယ်သူလဲ ။

ကိုကိုရော မဆုနဲ့ပါတယ်လို့ ကိုသူရိန် မက်ဆေ့ပို့တုန်းက စာသင်ချိန်က တစ်ဝက်တစ်ပျက်ကြီးနဲ့မို့ ချက်ချင်းမလာနိုင်ခဲ့တာ။

ကိုကိုပြန်သွားတော့မလားဆိုတဲ့ စိတ်နဲ့ စာသင်ချိန်ပြီးပြီးချင်း အပြေးတစ်ပိုင်း လာခဲ့ရတာ ဒီရောက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက ကိုကိုနဲ့အခြားသူစိမ်း မိန်းမတစ်ယောက်က စကားတွေဖောင်ဖွဲ့အောင်ပြောနေခြင်းကြောင့် နွေဦးစိတ်တိုသွားမိသည်။

ခပ်မာမာ မေးလိုက်မိတဲ့ နွေဦးအသံကို မိုးသားက သတိမထားမိသလိုပင်။

"သြော် နွေဦးအတန်းပြီးပြီလား မောလာတာမလား ထိုင်ထိုင်"

မိုးသားက နွေဦးလက်ကိုဆွဲကာ အတင်းထိုင်ချစေနေသည်မို့ နွေဦးအောင့်သက်သက်နဲ့ ဝင်ထိုင်လိုက်ရသည်။ နည်းနည်းမှမကျေနပ် မဆုတို့နဲ့မထိုင်ပဲ ဘာလို့တစ်ခြားကောင်မလေးနဲ့ နှစ်ယောက်ထဲ ထိုင်နေရတာလဲ။

"မိုးသား အာ့ဆို မ,သွားအုံးမယ် နောက်ကြုံ မှ နှစ်ယောက်ထဲကိစ္စလေးတွေ ထပ်ပြောကြတာပေါ့"

"ဟုတ် မမ"

ချောနဒီက မိုးသားကို မျက်စိမှိတ်ပြကာ နှုတ်ဆက်ပြီးထွက်သွားသည်။

ဘာ.....နှစ်ယောက်ထဲ ထပ်ပြောအုံးမယ်.....
ကိုကိုက သူနဲ့ နှစ်ယောက်ထဲပြောရအောင် ဘာအကြောင်းကိစ္စရှိမှာမို့လို့လဲ။

နွေဦး လက်သီးကိုသာ တင်းနေအောင်ဆုပ်ထားမိသည်။ သက်သက်လုပ်သွားတာ ဘာ မ,လဲ ဘွားတော်မ,လား။

"ကိုကို သူကဘယ်သူလဲ"

နွေဦးထိုမိန်းမကို မကျေနပ်သမျှ ကိုကို့ကို ဘုကြည့်ကြည့်ပေးလိုက်သည်။ သိပ်ကျေနပ်တာမဟုတ်

"သြော် အစ်ကို့သူငယ်ချင်းပါ ငါနဲ့တော့ခင်တာမကြာသေးဘူး ဒီလာရင်း တွေ့လို့နှုတ်ဆက်နေတာ"

ကြုံလို့နှုတ်ဆက်တာက စားပွဲဝိုင်းတစ်ခုထဲမှာ အတူထိုင်ပြီးရယ်ရယ်မောမော စကားပြောနေစရာလိုလို့လား။နွေဦးမကျေမနပ် နှာမှုတ်လိုက်မိသည်။

WSICTSOTM Where stories live. Discover now