EP_30

180 8 0
                                    

🎶မနက်လင်းတော့ ရင်မှာ သတိရမိတာ နင့်အကြောင်းပေါ့ 🎶

အိပ်ရာထတာနဲ့ အတွေးထဲ ဝင်လာတာက မောင့်အကြောင်း။

တကယ်ကို အမှတ်မရှိ အရှက်မရှိ သိက္ခာမရှိ မာနမရှိ အနိုင်မရှိ ရှုံးပြီးရင်း ရှုံးနေတဲ့ ဒီလူသားအဖြစ်က တော်တော်ဆိုးပါတယ် မောင်ရယ်။

မနက်ခင်းကျောင်းသွားတဲ့ အချိန်လဲ လမ်းမှာ မောင့်အကြောင်းတွေးတာပဲ ။

မနေ့ညက မောင့်ကို အိပ်မက်မက်သေးတယ် မောင်ရဲ့
အိပ်မက်ထဲမှာတောင် မောင်က မျက်နှာသာမပေးပုံများ

မောင့်အနားကို လာလို့
"လာပြန်ပြီကွာ ''တဲ့

အိပ်မက်ထဲမှာ မောင်က ကောင်မလေးတစ်ယောက်နားမှာရှိနေပြီး သူ့ကိုအရမ်းဂရုစိုက်တာ

ကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေက အရမ်း သူစိမ်းဆန်တာ အိပ်မက်ထဲမှာတောင် မပျော်ရပါဘူး မောင်ရယ်
တစ်ခါတစ်လေတော့ မျှော်လင့်မိတယ် အဟက်...မဖြစ်နိုင်တာကြီးကိုပေါ့။

ကျွန်တော်လဲလေ မိုးပေါ်က လမင်းကြီးကိုမှရချင်နေတဲ့ ကလေးတစ်ယောက် လိုပဲ ဘယ်တော့မှလည်း ပျော်ရွှင်ရမှာမဟုတ်ဘူး။

ငိုချင်နေတယ်မောင်
ဒါပေမဲ့ မောင့်ကိုဝဋ်ပြန်မလည်စေချင်ဘူး ။

တော်ပြီ တော်ပြီ ကျွန်တော်မငိုဘူး
အရမ်းချစ်တယ် မောင်......။

"ရောက်လာပြီလား"

"အင်း"

ခါတိုင်းဆို အရင်ရောက်ရောက်နေတတ်တဲ့ မိုးသားက ဒီ2nd sem မှာ ဆုထက်နောက်ကျမှ ရောက်လာတတ်တယ်
အရင်က ကျောင်းလစ်ဖို့ မနည်းပြောရတဲ့ မိုးသားက ခုနောက်ပိုင်း အရေးသိပ်မကြီးတဲ့ အချိန်တွေဆို သူ့ကို မတွေ့ရတတ်တော့ဘူး။

"ရုပ်ကလည်းဟာ သူ့ဘဲကြီးနဲ့ အဆင်မပြေတိုင်း လဒမှိုင်မှိုင်နေတော့တာပဲ ကျောင်းထပ်မပျက်နဲ့တော့နော် ဒီရက်ပိုင်း နောက်လဆို စာမေးပွဲက ဖြေရတော့မယ်"

"အင်းပါ"

ဆုက တကယ်ကောင်းတဲ့ သူငယ်ချင်း မလေးပါစာသင်ချိန်တွေ အာရုံလွင့်ကာ ငေးမိငေးရာ ငေးနေမိရင် ဆရာမသိအောင် သတိပေးတတ်သည်။
ကျောင်းပျက်ရင်လည်း အိမ်ထိလာပြီး စာအုပ်ငှါးပေးရင်း စာရှင်းပြသွားသည်။

WSICTSOTM Where stories live. Discover now