EP_6

225 7 0
                                    

Unicode....

နင်ဆိုတာ ပြိုင်ဘက်မရှိ တစ်ယောက်ထဲငါ ချစ်သူပါ
ယုံချင်ယုံမယုံချင်နေ နင်တစ်နေ့တော့နားလည်လာမှာ
မငြိုမငြင်လူမသိသူမသိ ချစ်ခဲ့ရတဲ့နေ့ပေါင်းများစွာ............

........🌞

"ခင်များ မလွန်လွန်းဘူးလား ဦးမိုးသားလင်း "

နွေဦးမောင်အသံက ဆူဆူအောင့်အောင့်ထွက်လာသည်။

"ဘာလဲ ငါ ဘာလွန်လို့လဲ မကျေနပ်ရင် အစကတည်းက မှန်အောင်ရေးလေ"

အောက်တိုဘာ စာမေးပွဲနီးပြီမို့ သင်ပြီးသမျှ ကဗျာ ၅ပုဒ်ကို အလွတ်ရေးခိုင်းရင်း မှားလို့ လက်ခေါက်ကိုပေတံစောင်းနဲ့ရိုက်ရာမှ အသံထွက်လာခြင်းပင်။

"အစောကတည်းက ပြန်နွေးသေချာရမှရေး တစ်လုံးမှားရင်တစ်ချက်လို့ပြောတယ်လေ မင်းပဲ ရပြီရပြီဆိုပြီးမနွေးပဲရေးတာ ဝေယံတောင်အကုန်မှန်တယ် ဒီကဗျာလေးရေးတာကိုအသုံးကိုမကျဘူး"

ဆူနေသောမိုးသားလင်းကို နွေဦးမောင်က နီရဲနေသော သူ့လက်ခေါက်လေးကို ပွတ်ကာ ဆူပုတ်ပုတ်နှင့် မကျေမနပ်ကြည့်နေသည်။

"ဒါလေး sလေးပဲကျန်တာကို ခင်များ လွန်လွန်းတယ်"

"English စာမှာ sလေးတစ်လုံးလဲ ကျန်လို့မရဘူးလို့ဘယ်နှခါပြောရမလဲ ဒါနဲ့များ အင်္ဂလိပ်စာ ဂုဏ်ထူးပါချင်နေသေးတယ်"

"ကျွန်တော်ပါခဲ့ရင် ခင်များဘာပေးမလဲ လောင်းမလား"

"အေး လောင်းမယ် ဝေယံသက်သေရှိတယ် ပြောလိုက်ဘာကြေးလဲ"

"G-Shock တစ်လုံးကြေး"

"Ok လေ မင်းသာရအောင်ကြိုးစားလိုက်အုံး... "

"ခင်များသာ ပေးဖို့အရင်ပြင်ထားလိုက်ပါ"

မိုးသားလင်းနှင့် နွေဦးမောင် အပြိုင်ပြောနေကြသည်ကိုကြည့်ရင်း ဝေယံရယ်နေမိသည်။
ဒီနှစ်ယောက်က တစ်ခုခုဆိုလောင်းကြေးနဲ့ ပြိုင်နေကြတာ ပြိုင်တိုင်းလဲ နွေဦးချည်းပဲရှုံးသည်။ ဒီတစ်ခေါက်ကော နွေဦးမောင် အနိုင်ရပါ့မလား......။

"အစ်ကိုသားသား ဒီနှစ်မွေးနေ့ဘာကျွေးမှာလဲ"

"မားကတော့ ဒီနှစ်ဘာချက်မလဲမသိဘူး မင်းကတော့ထုံးစံအတိုင်း သူရိန်နဲ့ပေါင်းကျွေးပါ့မယ် ဒီနှစ်ညဈေးတန်းသွားကြအောင် မွေးနေ့ကြ"

WSICTSOTM Where stories live. Discover now