EP_7

206 8 0
                                    

Unicode ......

ငါချစ်တဲ့သူကို ငါမပိုင်ပေမဲ့
ငါ့ကိုတော့ ငါချစ်တဲ့သူပိုင်တယ်🌞

...........................။

မိုးသား မွေးနေ့ပြီးတော့ နောက်တစ်ပါတ်နေရင် ဝေယံတို့လည်း အောက်တိုဘာ စာမေးပွဲဖြေရတော့မှာမို့ အိမ်မှာစာသင်တာရပ်ထားလိုက်တော့သည်။

စာမေးပွဲဖြေပြီး အောက်တိုဘာကျောင်းပိတ်ရက်တွေရောက်တော့လည်း ဝေယံတို့အိမ်ဘက်မသွားဖြစ်ခဲ့ပေ။

ဆိုင်မှာလုပ်တဲ့မမထက်က distance ဆိိုတော့ အဝေးသင်တွေကျောင်းဖွင့်ချိန်ဆိုတစ်လခွင့်ယူထားသည်။ခါတိုင်းတော့ မမထက်မရှိတဲ့တစ်လ လူထပ်ငှါးပေမဲ့ ဒီနှစ်တော့မိုးသားလည်းကျောင်းမတက်ရသေးတာမို့ လူထပ်မငှါးပဲ မိုးသားပဲ ဆိုင်ထိုင်ဖြစ်သည်။

မိုးသားကောင်တာထိုင်ရင်း ph ကြည့်နေချိန် ကောင်တာပေါ်ရောက်လာတဲ့ ချိုချဉ် လေးတစ်ဝက်ကြောင့် မော့ကြည့်လိုက်မိတော့

နွေဦးမောင်....

"ဘာလာလုပ်တာလဲ "

မိုးသားအသံက ထုံးစံအတိုင်းခပ်စွာစွာထွက်လာသည်။

ပြောလို့ရတာမဟုတ်ဘူး ဆိုင်လာပြီး ဈေးလည်းမဝယ်ပဲနဲ့ ချိုချိုသာသာ မဆက်ဆံနိုင်ပေါင်...ဟွန့်

"ကျွန်တော် သဘက်ခါအဆောင်ဝင်ရတော့မှာ လာနှုတ်ဆက်တာ"

"အင်းအင်း အကောင်းဆုံးကြိုးစားခဲ့"

"ဒါပဲလား "

မိုးသားလင်း နွေဦးမောင် ကိုနားမလည်နိုင်စွာ ကြည့်လိုက်သည်။

"အင်း ဒါပဲလေ အဆောင်ဝင်မဲ့သူကို အကောင်းဆုံးကြိုးစားခဲ့ လို့ပဲ မှာရမှာပေါ့ ဘာထပ်ပြောရအုံးမှာလဲ "

နွေဦးမောင် တိတ်ဆိတ်သွားသည်။

ဒီလောက်နီးကပ်နေတဲ့ ကျွန်​တော့ကို ခင်များမမြင်ခဲ့ဘူးလားဦးမိုးသားလင်း။ ကျွန်တော်က ခင်များစာသင်ပေးတဲ့ ကလေးတစ်ယောက်ထက်မပိုခဲ့ဘူးလား ။

ခင်များနဲ့ ကျွန်တော်နဲ့ကြားမှာ ခြားနေတဲ့ စည်းက ဘာများလဲ။ အခုတော့ ဒီတိုင်းပဲပြန်သွားလိုက်ပါ့မယ် အချိန်တစ်ခုမှာပြန်တွေ့ကြမယ် ကျွန်တော်ပြန်လာခဲ့မှာမို့ ဆက်ဆက်စောင့်နေပေးပါ ဦးမိုးသားလင်း။

WSICTSOTM Where stories live. Discover now