unicode
"ဟူး...."
နေညိုရဲ့ အသစ်ပြောင်းလာတဲ့ အိမ်ကိုကြည့်ပြီး
သက်ပြင်းချနေမိတယ်။
အိမ်လေးကတော့ နေညို စိတ်တိုင်းကြ ဆောက်ထားတော့
နေချင်စရာလေး။အိပ်ခန်း တစ်ခန်းရယ်၊မီးဖိုချောင်တစ်ခုရယ်နဲ့ ဧည့်ခန်းလိုထင်ရတဲ့ နေရာ အလွတ်လေးတစ်ခု။ဒီနေ့မှ ပြောင်းလာတာဆိုတော့
အမှိုက်ရှင်းဖို့အရေး အရင်ဆုံးပြင်ဆင်ရမည်။ပါလာတဲ့ ဂစ်တာလေးရယ် ၊ခရီးဆောင် အိတ်လေးကို နေရာချနစဉ်
ဖုန်းဝင်လာတော့ ဖုန်းအရင်ကိုင်ရသည်။"hello ""
"နေညိုရောင် ဟုတ်ပါတယ်နော်"
"နေညိုရောင် ပြောနေပါတယ်"
"ညီမလေး မနက်ဖြန် အလုပ်ဆင်းလို့ ရပြီနော်"
"ဟုတ်ကဲ့အမ နေညို မနက်ဖြန် ဆိုင်လာခဲ့ပါ့မယ်"
"ဟုတ်ပြီ ညီမလေး အားဆို ဖုန်းချလိုက်ပြီ နော်"
"ဟုတ်ကဲ့ အမ"
နေညိုက chefတစ်ယောက်လေ၊ဒီမြို့လေးရဲ့ ဆိုင်တစ်ဆိုင်မှာ
အလုပ်လျှောက်ထားတာ အကြောင်းကြားခြင်းဖြစ်သည်။
အိမ်သန့်ရှင်းရေး လုပ်ပြီးတော့ ၊ရေချိုးပြီး နာရီကြည့်မိတော့
ညနေ တောင်ရောက်နေပြီ ဖြစ်သည်။
တစ်နေကုန် ကားစီးလာရပြီး၊သန့်ရှင်းရေးလည်းလုပ်ပြီးတော့
လူက energy ကုန်ခမ်းနေပြီဖြစ်သောကြောင့်
အိပ်ဖို့သာ တွေးလိုက်တော့သည်။
______________________________________At 7:30 a.m
'တီ......တီ'
ဖုန်း alarm မြည်သံကြားလို့ အိပ်ရာထဲက ကပြာကယာ
ထကာ ရေချိုးဖို့ ပြင်ရသည်။
အားလုံးပြင်ဆင်ပြီးတော့ ဆိုင်သို့ ထွက်လာခဲ့သည်။
လာလမ်းတစ်လျှောက် ကိုယ်နဲ့ မရင်နှီးလို့ထင်တယ်၊
အရာရာ အသစ်ဖြစ်နေပြီး ကြောင်တောင်တောင် နိုင်လှသည်။
ဒီမြို့လေးက အရမ်းလှပသည် နေညိုစိတ်ကူးထဲကထက် ပိုပြီး
လှပသည်။ ဒီမြို့လေးမှာ ငယ်ငယ်ကတည်းက နေချင်ခဲ့တာ
အခုတော့ စိတ်ကူးလေးက နည်းနည်းတော့ ကြည်နူးစရာ
ကောင်းလှသည်။ စက်ဘီးလေး နဲ့လာခဲ့လို့ ထင်တယ် လမ်းတစ်လျှောက် မြင်ကွင်းတွေက လှပလျက်ရှိသည်။
ဘေးပတ်ဝန်းကျင်ကို ငေးလွန်သွားလို့ ဆိုင်ရှေ့ရောက်နေတာတောင် မနည်းသတိကပ်လိုက်ရသည်။
ဆိုင်းလေးက ချစ်စရာလေး၊ဒီမြို့လေးနဲ့ အတော်ကို လိုက်ဖက်သည်။ ဆိုင်ရဲ့ အရှေ့ဘက်မှာ အထက်တန်းကျောင်း
တစ်ခု ရှိနေယုံက လွဲပြီး အေးချမ်းလွန်းလှသည်။

KAMU SEDANG MEMBACA
နေညိုမိုး(complete)
Romansa♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...