Unicode
"မေမေ ...နေညို ပြန်ရောက်ပြီ"
အိမ်ရောက်ရောက်ချင်း မေမေ့ကို ရောက်နေတဲ့ အကြောင်းလေး လှမ်းအော်လိုက်ရသည်။ဒီအကျင့်လေးကလည်း ငယ်ငယ်ကတည်းက ပြောနေကြဆိုတော့ အိမ်ရောက်ရင် ပြောလိုက်ရမှ နေသာထိုင်သာ ရှိသည်။
အိမ်ကို ရောက်တာနဲ့ နွေးထွေးမှုကို ချက်ချင်းကြားရသည်။
သတိရဆုံး ကတော့ နေညိုရဲ့ အခန်းလေးဖြစ်သည်။နေညို့အသံ ကြားလို့ ထင်တယ် မေမေ မီးဖိုချောင်ဘက်က ထွက်လာသည်။"သမီး လာပါဦး အခုမှပဲ ဖက်ရတော့တယ်"
မေမေက နေညို့ကို ဖက်လိုက်ရင်း ပြောသည်။
"ဖေဖေရော"
"ရှိပါ့တော် ဖွားဖွားအနားမှာ"
"ဟုတ်"
မေမေနဲ့ အလွမ်းသယ်ပြီးတော့ အထုပ်တွေကိုင်ကာ နေညို၏
အခန်းရှိရာသို့ လာခဲ့သည်။ အခန်းထဲ ရောက်တော့ ပစ္စည်းများကို နေရာချ၍ တစ်ပတ်လောက် လှည့်ပတ် ကြည့်လိုက်သည်။ မေမေက အခန်းကို နေ့တိုင်း သန့်ရှင်းရေး
လုပ်ပေးထားဟန်တူသည်။စားပွဲပေါ်က စာရေးကိရိယာများနှင့် အစီအရီရှိနေသော စာအုပ်လေးများက သက်သေပင်။
ခဏ လောက် အနားယူပြီးတော့ ၊ရေချိုးလိုက်သည်။
နေညို ရေချိုပြီး တော့ တီရှပ် အနီရောင်လေးနဲ့ ဘောင်းဘီ
အနက်ရောင်လေးကို ဝတ်လိုက်သည်။နေညို အဝတ်အစားဝတ်နေတုန်း မေမေ၏ ထမင်းစားရန် 'ဆင်းလားခဲ့' ဟု အော်သံလေးကြားရသည်။ထိုအသံလေးကို
ကြားရတော့ ပြုံးမိသည်။ နေညို ကျူရှင်ရောက်ကတည်းက
ဒီအသံလေးကို မကြားရတော့ လွမ်းနေသည်။နေညို ထမင်းစားပွဲသို့ရောက်တော့ ဖေဖေနဲ့ မေမေရော၊ဖွားဖွားရော အဆင်သင့်စောင့်နေကြသည်။
"ထိုင် ဖွားဖွားမြေးလေး"
နေညိုရောက်ရောက်ချင် ဖွားဖွားက ပြောသည်။
"ဟုတ်ကဲ့ "
နေညိုတို့ မိသားစုက ချမ်းသားသော မိသားစု တစ်ခုမဟုတ်ပေမယ့် စိတ်ချမ်းသာမှု အပြည့်ရှိသည်။
နေညိုငယ်ငယ်လေးကတည်းက ဖေဖေနဲ့ မေမေ ရန်ဖြစ်တာမျိုး သိပ်မတွေ့ဖူးပါ။ အရာရာကို သေချာ သုံးသပ်၊
ဆင်ခြင်ပြီးမှ ပြောတတ်တဲ့ ဖေဖေ့အတွက် နားလည်မှု အပြည့်နဲ့ ချစ်ပေးရှာတဲ့ မေမေဟာလည်း ဇနီးကောင်းတစ်ယောက်ဖြစ်သည်။

ESTÁS LEYENDO
နေညိုမိုး(complete)
Romance♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...