part-39

1K 51 2
                                    

Unicode

"ဒယ်ဒီ က သားဘဝမှာ အကောင်းဆုံပဲ့"

နေမျိုးထက်နှင့် ဦးကောင်းထက်တို့ သားအဖ အရက်အတူတူသောက်ရင်း စကားပြောနေခြင်းဖြစ်သည်။

"ဒယ်ဒီ့သား စိတ်ချမ်းသာတယ်မလား"

"အများကြီးပေါ့၊မာန ကြီးပါတယ်ဆိုတဲ့ မိုးရနံ့က သားအပိုင် ဖြစ်တော့မှာလေ ဟဲဟဲ"

နေမျိုးထက်က အရက်ခွက်ကို လက်ထဲ၌ ကိုင်လျက်ပြောသည်။

"ဟားဟား အေးပါကွာ"

"ဒါနဲ့ ဒယ်ဒီ ၊ဦးစိုင်းသီဟကို
လှုပ်မရလောက်အောင် ဘယ်လို တုပ်နှောင်လိုက်တာလဲ"

"ဒါများကွာ၊အလွယ်လေးပါ။ငါ့ ရုံးက ဝန်ထမ်းလေးတစ်ယောက်နဲ့ ငြိအောင်လုပ်လိုက်တယ်လေ
စိုင်းသီဟဆိုတဲ့ကောင်က၊သူ့သမီးတွေ ထိရင်သာ မကြိုက်တာ
ကိုယ်တိုင်ကြတော့ သူများသားသမီး‌တွေကို ထိချင်တဲ့ သူမျိုး"

‌ဦးကောင်းထက်က ခွက်ထက်ရှိ လက်ကျန်လေးကို မော့သောက်လိုက်သည်။နေမျိုးထက်ကလည်း အလိုက်သိစွာ
ကုန်သွားတဲ့ ခွက်လေးကို ပြန်ဖြည့်ပေးနေသည်။

"သူ့နာမည်က စင်သီယာတဲ့၊စိုင်းသီဟ ငါ့ဆီမှာ ပိုက်ဆံလိုတယ်လို့ အကူညီလာတောင်းတဲ့နေ့က တွေ့ကြတာပေါ့။စင်သီယာက ခပ်လည်လည်၊
ပိုက်ဆံရှိတဲ့သူမှန်သမျှ လိုက်ကပ်တဲ့ သူပေါ့
အေး နောက်တော့ ကြိုက်သွားတယ်ဆိုပါတော့။
တကယ့် တနှာရူးကောင်။နှစ်လလောက်နေတော့ စင်သီယာကို
တိုက်ခန်းတစ်ခန်းဝယ်ပြီး စပွန်ဆာပေးလိုက်တာပေါ့ကွာ။
တိုက်ခန်းဝယ်တဲ့ ပိုက်ဆံကလည်း ကုမ္ပဏီပိုက်ဆံတွေ။
လအနည်းငယ်လောက်ကြာတော့ ရှုပ်ထားတဲ့ကိစ္စတွေကို
သူ့ဇနီးသိသွားရော။ဒါနဲ့ ဒယ်ဒီ့ဆီကို ထပ်အပူကပ်တယ်လေ။
ကံကောင်းသွားတာက အဲဒီအချိန်တုန်းက ဒယ်ဒီ ဖဲနိုင်နေတဲ့ အချိန်တွေဆိုတော့ စိုင်းသီဟ လိုတဲ့ ပိုက်ဆံပမာဏလောက်က
အေးဆေးဖြစ်နေတာပေါ့ကွာ။
စင်သီယာကလည်း ငွေတွေ ပိုတောင်းလာတယ်လေ၊မပေးနိုင်တဲ့အချိန်နေတွေဖြစ်လာတော့ စင်သီယာက
နောက်သူဌေးတစ်ယောက်ကို ထပ်ကပ်တာပေါ့ကွာ။
အဲကိစ္စတွေကို စိုင်းသီဟ သိသွားတော့ အကြီးကျယ်ရန်ဖြစ်ကြတော့ စိုင်းသီဟ ရိုက်လိုက်တာ
လက်လွန်သွားတယ်။ဆိုတော့ ဒယ်ဒီကပဲ့ ကိစ္စအဝဝ ကို
ကူညီဆောင်ရွက်ပေးလိုက်တယ်ဆိုပါတော့
ဒါနဲ့ပဲ့ စိုင်းသီဟက ဒယ်ဒီကြိုးဆွဲရာကရတဲ့ ရုပ်သေးဖြစ်သွားတာပေါ့ကွာ။"

နေညိုမိုး(complete)Место, где живут истории. Откройте их для себя