part~21

985 53 0
                                    

Unicode

မနက် နေရောင်ခြည်က နေညို့‌မျက်နှာပေါ်သို့ ဖြာကျနေသောကြောင့် အိပ်ချင်သော မျက်လုံးများကို အတင်းဖွင့်ကြည့်လိုက်တော့ မနက်ခင်းရောက်ရှိနေပြီဖြစ်သည်။

ဒီရက်ပိုင်းအတွင်းမှာ မနက်နေထွက်ချိန်တွေ၊ညနေ နေဝင်ချိန်တွေက ပို၍လှပနေသည်။ဘာလို့ဆို နေညို
'မ'အနားမှာ နေရတာသုံးရက်တောင် ဖြစ်နေပြီလေ။
မိုးလင်းလင်းချင်း ကိုယ်ချစ်တဲ့သူရဲ့ မျက်နှာလေးကို အရင်ဆုံးကြည့်ပြီး နိုးထ ရတာ ကြည်နူးစရာ အလွန်ကောင်းလှသည်။

ဒါပေမယ့် ဒီနေ့ကတော့ နေညို အိပ်ရာထတာ နောက်ကျ၍
'မ'ရဲ့ မျက်နှာလေး မမြင်ရသေးပါ။ 'မ'က သုံး၊လေးရက်လောက် အနားယူရမယ်တဲ့လေ။ကျောင်းကိုရော၊ ကျူရှင် ဆရာတို့ကိုပါ ခွင့်တိုင်ပေးထားတယ်လို့ပြောတယ်။
'မ' က တစ်ခုခုလုပ်ရင် အလွန် တိကျပြီး လစ်ဟာမှုမရှိအောင်
ဆောင်ရွက်တတ်သည်။ဒါက မရဲ့ အကြောင်းကို နေညိုသိလာတဲ့ နောက်ထပ်တစ်ချက်ပေါ့။

နေညို မျက်နှာသစ်ပြီး အပြင်ထွက်လာတော့ မီးဖိုချောင်ဘက်မှာလည်း 'မ'က မရှိပါ။
နေညို စားပွဲပေါ် ကြည့်လိုက်တော့ အုပ်ဆောင်းတစ်ခုပေါ်မှာ
စာရွက်ကလေး တစ်ခု။ထိုစာ‌ယူပြီးဖတ်ကြည့်တော့

'‌morning ပါ အညိုရောင်
စားပွဲပေါ်မှာ မနက်စာပြင်ထားခဲ့တယ်
'မ'ကသွားစရာလေးရှိလာလို့ အပြင်ခဏထွက်တာ၊
ဪ..ဆေးသောက်ဖို့ ပါ ပြင်ထားပေးခဲ့တယ်။
'မ' ညနေလောက်မှ ပြန်ရောက်ဖြစ်မယ်ထင်တယ်။
နေရာတာ သက်သာနေပြီဆိုရင် လွတ်သွားတဲ့ စာတွေ
ပြန်လေ့လာထားပါ။'

ုလက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ ရေးထားသော သာမန် စာလေးတစ်စောင်က နေညိုကို ပြုံးအောင် စွမ်းဆောင်နိုင်တယ်။

တစ်ခါခါ အေးစက်တဲ့ 'မ'က နွေးထွေးပြီဆိုရင်
သူများတွေ လိုက်မမှီလောက်အောင် နွေးထွေးတတ်တာ။
နားလည်ရခက်ပေမယ့် မရဲ့ အပြုအမူတိုင်းကို နေညိုက
ချစ်နေရတော့လည်း အရာရာက အဆင်ပြေပါတယ်ပေါ့။

မရဲ့ စိတ်ခံစားချက်တွေက ခန့်မှန်းရ သိပ်ခက်တာ။နေညိုက
မရဲ့ မျက်ဝန်းတွေကို မဖတ်တတ်တာလည်း ဖြစ်နိုင်တယ်။
အထူးသဖြင့် 'မ'က ဖုန်းပြောပြီးတိုင်း သိသိသာသာ
မျက်နှာလေး ညှိုးနေတတ်တာ။ဖုန်းဆက်သူက ဘယ်သူများဖြစ်နေမလဲလို့ စဉ်းစားရတာလည်းနေညို့အတွက် အလုပ်တစ်ခုလို ဖြစ်သည်။

နေညိုမိုး(complete)Où les histoires vivent. Découvrez maintenant