part~11

1K 63 0
                                    


unicode

‌"နေညိုရောင်!!အဆောင်သို့ အရင်လာခဲ့၊
အဆောင်ရောက်မှ ရှင်းကြတာပေါ့၊ဪ
လေပြေသွေးပါ လိုက်ခဲ့"

မ က ထိုသို့ မျှပြောပြီး နေညို့ လက်မောင်းကို
ကိုင်၍ ဆွဲခေါ်သွားသည်။ နေညို့ ကတော့ အခုလို
အခိုက်အတန့်လေးကို ကြည်နူးနေမိတာအမှန်။
လေပြေကတော့ အဆောင်ရောက်မှာကို စိုးရိမ်နေပုံရသည်။
မျက်နှာက အနည်းငယ်မကောင်း၊ တချက်တချက် နေညို့
ကို စိတ်မကောင်းခြင်းများစွာနဲ့ ငေးကြည့်ပြီး လာခဲ့သည်။

အဆောင်သို့ရောက်သော်

"ကဲ...ပြောစမ်းပါဦး၊
လမ်းပေါ်မှာတောင် မရှက်မကြောက် ချိန်း‌ေတွ့နေရတဲ့ အကြောင်းရင်းလေး။ကျောင်းသားမဟုတ်ဘူးလား
မင်းတို့ ဟမ်!!"

တင်းမာနေသော မျက်နှာထားဖြင့် နေညိုတို့ကိုမေးနေသည်။
နေညို့တို့အဖို့တော့'ချိန်းတွေ့နေတယ်' ဆိုတဲ့ စွတ်စွဲချက်လေးက နားဝင်မချိုလှပါ။ နေညို ကတော့
ဘာမှ ရှင်းပြချင်စိတ်လည်း မရှိနေပါ။ စိတ်ကော လူပါ
ပင်ပန်းလွန်းလို့  တိတ်ဆိတ်ဖို့သာ ရွေးချယ်လိုက်သည်။

"ငါမေးနေတယ်လေ ၊အခုမှ အချင်ယောင်ဆောင်နေတာလား!!"

"ဟို....ဆရာမ သမီးတို့ မချိန်းတွေ ့ရပါဘူး၊
သူတို့လာနှောင့်ယှက်နေတာကို"

လေပြေက မျက်နှာငယ်လေးဖြင့် ရှင်းပြနေဟန်တူသည်။
နေညိုကတော့ ဘာမှ မပြောချင်တော့သောကြောင့်
ကြမ်းပြင်ကိုသာ တွေတွေကြီး ငေးကြည့်နေမိသည်။

"အဲဒီတော့ မင်းတို့အမှား မဟုတ်ဘူးပေါ့၊
ဟုတ်လား"

"......"

"ငါမေးနေတယ်လေ"

မ က ဒေါသပိုထွက်လာဟန်တူသည်။အသံ ပိုမြင့်၍
ပြောသည်။

"ဟို..သမီးတို့မှာ အပြစ်ရှိပါတယ် ဆရာမ"

လေပြေက ဘာမှ မပြောဘဲ လက်ပိုက်ရပ်နေတဲ့ နေညို့ကို
'နင်ပြောလေ' ဟု တိုးတိုးလေးကပ်ပြောသည်။

"အဲတော့ အပြစ်ပေးရမှာပေါ့"

မ ကပြောရင်း ကြိမ်လုံးကို လှမ်းကိုင်ကာ

နေညိုမိုး(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ