part~40

1.1K 63 0
                                    

Unicode

At 08:30p.m

"နေညို ဆေးသောက်ရအောင်နော်"

မေဇော်က ဆေးထည့်ထားသော ပန်ကန်လေးကို
ကိုင်၍ နေညို့ဘေးနားလာထိုင်ကာ ပြောသည်။

"...."
ဆေးရုံက လာပြီးတော့ နေညိ ုအိမ်သို့ တန်းပြန်လာခဲ့ရသည်။
မဝေက မ ရဲ့ အိမ်ကို သွားမယ်လို့ ဘယ်လောက်ပြောပြော
မရဘူးတဲ့လေ။မဝေက အိမ်ကို ပို့ပြီးတာနဲ့ အရေးကြီးကိစ္စ
ပေါ်လာလို့ မေဇော်ကို နေညိုအဖော်ရအောင် နေပေးရန် အကူအညီတောင်းခဲ့သည်။

"ရော့ သောက်လိုက်နော်၊နေကောင်းမှ နင်လုပ်ချင်တာတွေ လုပ်လို့ရမှာ"

"ငါ မနဲ့ သွားတွေ့ချင်တယ် မေဇော်၊ကူညီပေးပါနော်
ငါတောင်းပန်ပါတယ်"

"ငါ ဘယ်လိုကူညီပေးရမလဲဆိုတာ မသိတော့ဘူးဟာ"

"နင်မကူညီချင်ရင်လည်း နေဟာ
ငါဘာငါ မဆီကို ရောက်အောင်သွားမယ်"

မေဇော့်ကို ထိုမျှပြောပြီးနောက် ထွက်လာခဲ့လိုက်သည်။

နေညို ‌ငြိမ်ငြိမ်လေးထိုင်ပြီး မ ကို လက်လွှတ်လိုက်ဖို့ထက်
ပြေးတွေ့ပြီးသာ ခပ်တင်းတင်းလေး ဖက်ထားလိုက်ချင်တယ်။
အိပ်မက်ဆိုးတစ်ခု ဖြစ်နေရင်လည်း အမြန်နိုးထလိုက်ခြင်ပြီ။
နေညို့ ရင်တွေနာရလွန်းလို့ ရူးမတက်ပါပဲ့ မရယ်။

"ဟဲ့...ဪ..နေဦးလေ
နေညို....နေညို"

မေဇော်၏ အော်ခေါ်သံများကို လျစ်လျှူရှုကာ
နောက်မလှည့်မကြည့်မိအောင် ကိုယ့်ကိုကိုယ်
သတိပေး၍ ထွက်လာခဲ့သည်။
ခက်သည်က မ ရဲ့ အိမ်နေရာကို နေညိုမသိပါ။
မဝေကို မေးလို့လည်းမဖြစ်ပါ။ည ရောက်နေပြီ ဖြစ်၍
taxi တွေကလည်း လမ်းမထက်၌ အသွားအလာ သိပ်မရှိပါ။
လမ်းပျောက်နေပေမယ့် နေညို မဆီကို ရောက်အောင် သွားမှ ဖြစ်မည်။မ မချစ်ဘူးလို့ပြောတာကလည်း မရဲ့ ဖေဖေ့ ပြောခိုင်တယ်မလား။နေညို့ ကိုဖြေရှင်းချက်တွေ ပေးပါနော်
မ။

နေညို ယောင်လည်လည်နှင့် အရှေ့က လာနေသော ကားတစ်စီးကို တားလိုက်သည်။

"ဟို....ဦးလေး ဦးစိုင်းသီဟတို့ နေတဲ့ နေရာကိုသိလားဟင်"

ကားဆရာက အသက်က ခပ်ကြိးကြီးနဲ့ ခန္ဓာကိုယ်က ဝ တဲ့အထဲပါသည်။ကားဆရာက ကားလက်ကိုင်ကို လက်ချောင်းလေးဖြင့် အသံမြည်အောင် ခေါက်၍
နေညို ပြောတာကို စဉ်းစားနေဟန်တူသည်။

နေညိုမိုး(complete)Opowieści tętniące życiem. Odkryj je teraz