part~3

1.4K 85 2
                                    

unicode

" နေညိုရောင် !!ငါမေးနေတယ်လေ"

နေညို ကြောက်မိပါရဲ့ နီရဲနေတဲ့ မျက်လုံးတွေကိုလေ
အခုလို အပြုမူက သဝန်တိုနေတာလား။ ဘာအခြေနေလဲ
နေညို လိုက်မမှီတော့ဘူး မ ရယ်။

"ညီမလေး မေဇော်၊ လာ မဝေ နောက်ကို လိုက်ခဲ့နော်
မဝေ ကြည့်ပေးမယ်"

တိတ်ဆိတ်နေတဲ့ အခန်းငယ်ထဲ မဝေက
စတင် စကားပြောလိုက်လေသည်။ နေညိုကတော့ အရှေ့က
အမျိုးသမီးကို နားမလည်ခြင်း များစွာနဲ့ ငေးကြည့်နေမိဆဲ
ဖြစ်သည်။

"ဟုတ်ကဲ့ မဝေ" ဟု မေဇော်က ခေါင်းတစ်ချက်ညိတ်ပြီး
လိုက်သွားလေသည်။

နေညို စကားစပြောဖို့ ပြင်လိုက်သည်။ သူမက တော့
စူးစူးနစ်နစ် ကြည့်နေဆဲ ကြည့်နေမြဲ။

"ဆရာမ က ဘယ်လိုထင်လို့လည်း" ဟု

နေညိုမေးလိုက်တော့ မရဲ့ မျက်ဝန်းတွေ ညှိုးသွားတာ မြင်ပါရဲ့။ အဲမျက်ဝန်းတွေက နေညိုကို ကျရှုံးသွားအောင် လုပ်နိုင်တဲ့ သူမရဲ့ တစ်ခု တည်းသော လက်နက်ဖြစ်မည်။
သိပ်ခက်တဲ့ မိန်းမ ။နေညို အတွက် သိပ်ခက်တဲ့ မိန်းမ။
အခန်းငယ်လေးထဲ တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ တစ်ချက်ချက် နာရီလက်တံ ရွေ့လျားသံလေး  နေညို ကြားပါရဲ့။

" မ ကို အဲလို မလုပ်ပါနဲ့ အညိုရောင်ရယ်၊
မတောင်းပန်နေတာပါ။ "

တွေ့လား လေသံက အစ အေးသွားတာ။တော်တော် တတ်နိုင်တဲ့ မိန်းမ။

"မ ကလေ အညိုရောင် တစ်ယောက်ထဲပဲ့ ချစ်ခဲ့တာပါ"

ဒီစကားက နေညိုရဲ့ ဒေါသ တွေကို ဆွလိုက်တာပဲ။

"ဟက် အဲဒါဆို
တစ်ခြားတစ်ယောက်ရဲ့ ရှေ့မှာ ပါးရိုက်ခဲ့တာလည်း
နေညိုတစ်ယောက်ထဲ ချစ်ခဲ့လို့ပေါ့နော်"

နေညို ခနဲ့တဲ့ အပြုံးတစ်ခု ပြုံးပြီးပြောလိုက်တော့
သူမရဲ့ မျက်ဝန်းလေးတွေထဲ မိုးတိမ်မဲတွေ ပေါ်လာကာ
မကြာမီ ရွာချတော့မည့် မိုးလို မျက်ရည်လေးတွေ တွဲခိုလျက်
ရှိနေသည်။

" မ တောင်ပန်ပါတယ် အညိုရောင်ရယ်၊
မ အဲတုန်းက ရည်ရွယ်ပြီး ရိုက်လိုက်တာမဟုတ်ရပါဘူး၊
နေညိုအတွက်ပါ၊ မကို နားလည်ပေးပါနော်"

နေညိုမိုး(complete)Tahanan ng mga kuwento. Tumuklas ngayon