unicode
"နေညို လာ ဒီနေရာလေ၊
ငါတို့နေရာက"နေညို့ ကျူရှင်ေနဖို့အတွက် အိမ်ကိုပြောကြည့်သောအခါ
အိမ်က ခွင့်ပြုသည်။ သို့ဖြစ်၍ ဒီနေ့ မေမေတို့ က
နေညို့ပြောသော ကျူရှင်သို့ လိုက်ပို့ပြီး ပြန်သွားကြပြီ။ထို့ကြောင့် လေပြေက နေညိုတို့ နေရမည့်အခန်းကို လိုက်ပြနေခြင်းဖြစ်သည်။"အင်း လေပြေ"
နေညို လေပြေကို ဖြေလိုက်သည်။နေညိုနေရမည့်
အခန်းလေးကို လှည့်ပတ်ကြည့်နေမိသည်။
ကျူရှင်က တနဂ်နွေရက်တွေမှသာ အိမ်သို့ပေးပြန်သည်။
နေစရာ၊စားစရာ အားလုံးကို ဒီက အကုန်တာဝန်ယူသည့်အတွက် ကျောင်းကိုလည်းဒီကနေသွားရသည်။ တစ်ခန်းမှာ ဆယ့်ငါးယောက်လောက်နေရသောကြောင့်
နေညို နေရမည့်အခန်းက မကျဉ်းမကျယ် ဖြစ်ေနသည်။
အခန်းရဲ့အနေထားကတော့ နံရံဘက်တွေမှာ စာအုပ်ထား
ရန်အတွက် ခုံတွေ ပြင်ပေးထားသည်။ သူ့ဟာနဲ့ သူတော့
အဆင်ပြေလှသည်။"နေညို နင့်ပစ္စည်းတွေ ညရောက်မှ နေရာချတော့
ငါအခု ဗိုက်ဆာနေလို့ စားဖို ဆောင် သွားရအောင်။"လေပြေက နေညို့ရဲ့ ဘေးနားက ရပ်၍ ပြောလာသည်။
"အင်းပါ သွားမယ်"
စားဖိုဆောင်ရောက်တော့ကျောင်းသားတွေ အသီးသီး
စားသောက်နေကြသည်။ထူးခြားသည်က ယောက်ျားလေး၊
မိန်းကလေး အလိုက် အကန့်ခွဲကာ ထားခြင်းဖြစ်သည်။
ပြီးတော့ အလှည့်ကျ သန့်ရှင်းရေး လုပ်ရသည် ဟုလည်း
လေပြေက ရှင်းပြသည်။နေညို့တို့လည်း အလယ်နေရာလောက်မှာ ထိုင်၍ ထမင်းစားနေကြသည်။
ရုတ်တရက် နေညိုတို့အရှေ့မှာ လူနှစ်ယောက်ဝင်ထိုင်သည်။"ကိုကိုနဲ့ ရှိန်းထက်အောင်ပါလား၊
စားပြီးကြပြီလား"လေပြေကတော့ အရှေ့က နှစ်ယောက် ကိုကြည့်၍
ပြုံးဖြီးကာ စကားပြောနေသည်။နေညိုကတော့
ရှိန်းထက်အောင်ကို မြင်လိုက်ရ၍ 'မ' နဲ့အချိန်အများ
ကြီးတွေ့ရလို့၊ပျော်နေတဲ့ အပျော်လေးတောင်
ပျောက်သွားသည်။နေညို စည်သူခန့်နဲ့ ရှိန်းထက်အောင်
ကို ပါးစပ်ကွေးရုံသာ ပြုံးပြ၍ ထမင်းဆက်စားနေသည်။
BẠN ĐANG ĐỌC
နေညိုမိုး(complete)
Lãng mạn♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...