Unicode
ညနေ တောင် ရောက်တော့မယ် အလွန်ဆုံး တစ်နာရီပါလို့
ပြောပြီး ထွက်သွားတဲ့ သူတော့ အခုထိကို ပေါ်မလာပါ။"တီ ...တီ"
မိုး အညိုရောင် အကြောင်းစဉ်းစားနေစဉ် စားပွဲပေါ်၌
တင်ထားသော ဖုန်းက ရုတ်တရက် ထ မြည်လာသည်။မိုး ဖုန်းကို ယူကြည့်တော့ ဒယ်ဒီ့ဆီက။
မိုး ဒယ်ဒီ့လောင်းရိပ်အောက်က ဘယ်တော့များမှ လွတ်လပ်ခွင့်ရပါ့မလဲနော် ဟူး......။"ဟယ်လို ဒယ်ဒီ"
"....."
"မိုးကို ဒီတိုင်း လွတ်လပ်ခွင့်ပေးလိုက်ပါတော့လား"
တကယ်ကို စိတ် ပျက်မိသည်။ တစ်သက်လုံး ငွေနောက်လိုက်ခဲ့ပြီးမှ သမီးအတွက်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ မိုးဘဝကို ထိန်းချုပ်ချင်နေလား ဒယ်ဒီ။
"....."
"သူက ဒီကို ဘာလာလုပ်မှာတဲ့လဲ၊သမီးအကြောင်း လာစုံစမ်းတာလား"
"....."
"ဘာလဲ ကိုစစ် လိုမျိုး ထပ်လုပ်မလို့လား၊ကိုစစ်သေရတာ
ဒယ်ဒီတို့ ပရောဂ မကင်းဘူးဆိုတာ သမီးသိတယ် ဒယ်ဒီ"".........."
"တော်ပြီ ဒယ်ဒီရာ လုပ်ချင်တာသာ လုပ်တော့"
ထိုမျှ ပြောပြီး ဖုန်းချလိုက်သည်။ဒယ်ဒီကလေ အမြဲ ကိုယ့်ဘက် ကိုပဲ့ တွေးတတ်လွန်းတယ်။ သမီး ဘာဖြစ်ချင်ေနတယ်၊ဘယ်လို ဖြစ်နေတယ် ဆိုတာ တစ်ခါမှ မတွေးမိဘူးမလား။ တစ်ခါတလေ တော့ေလ.. ကိုစစ်နဲ့ အတူ သေသွားရင် ကောင်းမယ်လို့ တွေးမိတယ်။ကိုစစ်ကို မိုးတောင်းပန်ပါတယ်။ မိုးကြောင့် ၊မိုးလို လူနဲ့ ဆုံတွေ့ခဲ့လို့ အခုလိုမျိုး အစောကြီး
ထွက်သွားခဲ့ရတာ။အခု မိုးထပ်ချစ်မိသွားပြန်ပြီ။သူ့ကိုတော့ ကိုစစ်လိုမျိုး ဘယ်လိုနည်းနဲ့ မှ အဆုံးရှုံးမခံနိုင်ဘူး။မိုးအတွေးတွေထဲတွင် အချိန်၊အတော်ကြာသွားသည်ထင်သည်။မိုး မျက်ခွံတွေလေးလာသောကြောင့် ဖတ်လက်စစာအုပ်လေးကို ရင်ဘက်ပေါ်တင်၍ မျက်လုံးမှိတ်ချလိုက်သည်။
ပါးပေါ်က မျက်ရည်စက်တွေက မိုးရွာသလိုမျိုး
သည်းနေသည်။ဘေးနားက လှောင်ရယ်အသံတွေ နာကြည်းတဲ့ မျက်ဝန်းတွေ
ပြီးတော့ 'မင်းတို့ မိသားစုနဲ့ ပက်သက်ခဲ့မိတာ သိပ်နောင်တ ရတယ်' ဆိုတဲ့ စကားတွေက ပဲ့တင် ထပ်နေမိသည်။
ŞİMDİ OKUDUĞUN
နေညိုမိုး(complete)
Romantizm♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...