Unicode
"မောင်....မ လေ မောင့်ကို သိပ်ချစ်တယ်"
"ဟင်"
မောင့် လို့ခေါ်လိုက်တာလား မ ကလေ။နေညိုပဲ့ နားကြားလွဲတာလား။ဒါမှမဟုတ် စိတ်လှုပ်ရှားလွန်သွားလို့လား။
"မောင် ...စာမေးပွဲအောင်တယ် မောင်ရဲ့"
ကြောင်ကြည့်နေသော နေညို့ကို 'မ' က ထပ်ပြောလာသည်။
နေညို အိပ်မက ်မက်နေတာလား။မရဲ့ စကားပြောသံလေးက
အလှပ ဆုံးသံစဉ်လေး ဖြစ်မယ်ထင်သည်။"မ က နေညို့ကို မောင်လို့ ခေါ်လိုက်တာလား"
"ဟုတ်တယ်ဆိုနေ"
သေချာတယ်တဲ့။သိပ်လှတဲ့ ကမ္ဘာထဲရောက်သွားသလိုမျိုး၊မဟုတ်ဘူး ထီဆုကြီးပေါက်သလိုမျိုး။ဟာ.... ဥပမာတောင်မပေးတတ်တော့ဘူး။
"နေညို့ကို ပြန်ပြောပါဦး ချစ်တယ်လို့"
"ချစ်တယ်ရှင့် မောင်ရဲ့"
အမလေး ။နေညို့ရင်တွေ ခုန်မြန်နေတာအပြင်က ကြားရလောက်တယ်။မ က မောင်တဲ့။
"နောက်တစ်ခေါက်လောက်"
နေညို ထပ်ပြောတော့ 'မ 'က မျက်စောင်းလေး ဝင့်ကာ
"ချစ်တယ် ချစ်တယ် ချစ်တယ်ရှင့် ငအူလေးရဲ့.....အင့်"
မ ရဲ့ ပြောဆို နေပုံလေးက သိပ်အသဲယားဖို့ကောင်းတာ
ကြောင့် နေညို မရဲ့နှုတ်ခမ်းလေးကို ဖိကပ် နမ်းချလိုက်သည်။
မျက်လုံးလေးများက အနည်းငယ်ကျယ်၍ နေညို့ကို ကြည့်နေပုံ
လေးက ချစ်စရာ၊ချစ်စရာပါ 'မ'ရယ်။နေညိုဖြင့် သိပ်ချစ်လိုက်တာ။"ချစ်တယ်နော် မ"
"သိပ်အသားယူတယ်နော် "
"မကလည်း ချစ်တာကို ဗွေမယူရဘူး၊ မကျေနပ်ရင် ပြန်နမ်းလေ"
"မနမ်းပါဘူး ။ရှင် တော်တော်လူလည်ကျတာပဲကွယ်"
"ချစ်တယ်နော်"
"အင်း ချစ်တယ် မင်းကို
အညိုရောင်""ဟုတ် ချစ်တယ် "
"လေပြေတို့လည်းအောင်တယ် အညိုရောင်ရဲ့
စုလဲ့ဟန်တို့ကြတော့ ဂုဏ်ထူး သုံးခုတောင်ပါတယ်"
![](https://img.wattpad.com/cover/343272167-288-k997729.jpg)
ESTÁS LEYENDO
နေညိုမိုး(complete)
Romance♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...