part~5

1.8K 87 2
                                        

"ဒယ်ဒီ ၊ သမီး ဝင်ခဲ့မယ်နော်"

ဒယ်ဒီက မိုးကို စာကြည့်ခန်းသို့ လာခဲ့ရန်
ပြောထားသောကြောင့် မိုး တံခါးရှေ့သို့
ရောက်နေခြင်း ဖြစ်သည်။

"ဝင်လာခဲ့ လေ သမီး၊ "

ဒယ်ဒီက တံခါးကို ဖွင့်ကာ ပြောလေသည်။

"ဒယ်ဒီ ဘာပြောစရာရှိလို့လည်း"

"မောင်နေမျိုးထက် မနေ့က ဒယ်ဒီ့ဆီ လာတယ်၊
သူ တစ်ဘက်ခါဆို အမေရိက သွားရမှာမို့ သမီးနဲ့
တစ်ခါတည်းစေ့စပ်ခဲ့ချင်လို့တဲ့၊ အဲဒါ သမီးသဘောကရော"

မဟုတ်လည်း ယူရမှာကို ဒယ်ဒီတို့က သမီးသဘောကို မေးနေသေးတယ်၊ မယူဘူးပြောလို့ရော ရမှာလား ၊
မိုးစိတ်ထဲက ပြောနေမိတယ်။ မိုးဘဝကတော့ အစ
ကတည်းက ဘယ်စာမျက်နှာမှာ ဘာ ရေးရမလဲ ဆို
တာ ဒယ်ဒီ သတ်မှတ်ပြီးသားပဲ မိုးဘာတက်နိုင်မှာမို့လို့လဲ။

"ဒယ်ဒီ ဘာပြန်ပြောလိုက်လဲ"

"ဒယ်ဒီက သမီး သဘောတိုင်းပဲ့လို့ ပြောခဲ့တယ်၊
ဒယ်ဒီ မတရားဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့်
သမီးက လွဲပြီး ကူညီမယ့် သူမှ မရှိတာ၊သမီးရယ်
ဒယ်ဒီ တောင်းပန်ပါတယ်"

ဒယ်ဒီက ကိုယ့်ဘက်ပဲ ကြည့်တာ၊ သမီး ခံစားချက်
တွေရော အရေးလုပ်ဖူးလား၊သိရော‌သိရဲ့လား
ဒယ်ဒီ့ နောက်မိန်းမ သိက္ခာ အတွက် သမီးကို လိုအပ်
တာပါ ၊ကျန်တဲ့ အချိန်တွေ ဒယ်ဒီ့မှာ မိုးရနံ့ဆိုတဲ့
သမီးမှ မရှိတာ။

"မိုး ကိုနေမျိုးထက်ကို မချစ်ဘူး ဒယ်ဒီ၊ဒါပေမယ့်
မိုး ကိုနေမျိုးထက်ကို လက်ထက်မှာပါ ဒယ်ဒီစိတ်မပူပါနဲ့"

"ဒယ်ဒီ သိပါတယ်သမီးရယ် ဒယ်ဒီ သိပါတယ်
ဒါပေမယ့် သမီးမှာ ချစ်ရမယ့်သူ မရှိဘူးမဟုတ်လား"

"ရှိတယ် ဆိုရင်ရော "

မိုး မေးလိုက်တော့ ဒယ်ဒီ မျက်နှာ ညှိုးသွားတာ
မိုး မြင်ဖြစ်အောင်မြင်လိုက်သည်။ မိုးကို အားနာဟန်
မျက်လုံးများဖြင့် အကြည့်လွှဲလိုက်‌သည်။စာအုပ်တွေကို
ငေးကြည့်နေပြီး စကားဆက်ပြောသည်။

"သမီး အဆင်မပြေရင် ဒယ်ဒီ ရဲစခန်း
သွားပြီး ဖမ်း...."

"သမီး ကိုနေမျိုးထက်ကို ယူမယ်လို့ ပြောထား
တယ်လေ အဲစကားမပြောပါနဲ့ ဒယ်ဒီရယ်" ဟု စကားဖြတ်
ပြောလိုက်မိသည်။

နေညိုမိုး(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ