part~4

1.2K 94 0
                                    

unicode

နေညို မ တို့ ဆိုင်မှာ အလုပ်လုပ်ခဲ့ တာ တစ်လလောက်တော့ ရှိပြီဖြစ်သည်။ မ ကိုတော့ နေညိုနဲ့ စကားများတဲ့ နေ့့ကတည်းက မတွေ့ ဖြစ်တော့သည်မှာ တစ်ပတ်ခန့် ရှိလေပြီ။
ဒီနေ့က တနဂ်နွေ နေ့ ဆိုတော့ နေညို အိမ်မှာသာ နေဖြစ်သည်။ မဝေက မေမြတ်ဇော် လည်း ရှိနေတော့ တနဂ်နွေ နေ့ဆို နားလို့ ရတယ်လို့ ပြောထားသည်။
ဒီနေ့ နေညို အိမ်မှာ သန့်ရှင်းရေးလုပ်ပြီး အိမ်ရှေ့မှာ ပန်းပင်စိုက်ဖို့ စိတ်ကူးထားသည်။ နေညိုက သစ်ပင်စိုက်တာ လည်း ဝါသနာ ပါသည်။ ထို့ကြောင့် မနက်ကတည်းက အိမ်‌ေရှ့ မြေကွက်လပ်လေးကို ရှင်းနေသည်မှာ ‌အချိန်တော်တော်ကြာသွားသည်။ ပန်းပင်စိုက်ဖို့ နေရာ ရှင်းလို့
ပြီး‌သွား၍့ ‌နာရီကြည့်တော့ နေ့လယ် ၁၀ နာရီတောင် ထိုးနေပြီဖြစ်သောကြောင့် နေညို ရေချိုးဖို့ ပြင်လိုက်ရသည်။

အကုန်လုံးပြင်ဆင်ပြီး၍ နေ့လည်စာ စားဖို့အတွက် နေညို
အပြင်ထွက်စားမည်ဟု ဆုံးဖြတ်လိုက်သည်။ ပန်းပင်ဝယ်ဖို့အတွက်ရော၊ တစ်ခြားလိုအပ်တာတွေ ဝယ်ဖို့ရော
စောစောလေး သွားရမည်။ နေညို သွားဖို့ ဖုန်းကို ယူလိုက် စဉ်
Missed call သုံးခု တွေ့ရသည်။ နေညို ကြည်နေတုန်း ဖုန်းက ထပ်ဝင်လာတော့ နေညို ကိုင်လိုက်သည်။

"hello "

"hello နေညို မေမြတ်ဇော်ပါ"

"အော် မေ‌ေဇာ် ပြောလေ "

"ခေါ်လိုက်ရတာ နေညိုရယ် ၊ အိုဘားမားဖုန်းထင်သွားတာ
ငါက"

မေမြတ်ဇာ်က ခင်ဖို့လည်း ကောင်းသလို အစနောက်သန်သည်။
ပြီးတော့ မဟုတ်မခံ စွာတေးလန် လေးဆိုတာကို နေညို ကောင်းကောင်း သိနေပြီ။

"ငါ ရေချိုးနေလို့ နင်ဖုန်းခေါ်တာ မသိလိုက်တာပါ"

"ပြီးရောလေ ၊ငါ အခု နင့်အိမ်ကို လာနေတယ် ။ငါနဲ့
အပြင်လိုက်ခဲ့ဖို့ ခေါ်မလို့လေ၊ အားတယ်မလားဟင်"

"အာ းပါတယ် ‌ နေညိုလည်း အပြင်းထွက်ဖို့ လုပ်နေတာ"

"တော်သေးတာပေါ့ ငါက နင်လိုက်မှလိုက်ပါ့မလား စိုးရိမ်နေတာ"

"အင်း နေညို အိမ်မှာပဲ့ စောင့်နေမယ်"

"ဒါဆို ဖုန်းချပြီနော်"

နေညိုမိုး(complete)Tempat cerita menjadi hidup. Temukan sekarang