extra part

2.9K 89 6
                                        

Unicode

"မောင်.....မထသေးဘူးလားကွာ"

အတင်းလှုပ်နိုးနေသော်လည်း တုန့်တုန့်မလှုပ်သော မောင်ကလေ အတိတ်မေ့နေတယ်သာပြောတယ် အရမ်းလူလည်ကြလွန်းတယ်။အခုဆိုရင် မောင်က
အကြောင်းအရာအကုန်လုံးကို မမှတ်မိသော်လည်း
တစ်ဖြည်းဖြည်းနဲ့ မောင့်မှတ်ဉာဏ်တွေက ကောင်းနေပါပြီ။

"‌ေမာင်!!"

"အွန်း"

"ထတော့ကွာ ဘယ်နှနာရီရှိနေပြီဆိုတာ သိရဲ့လား"

"မောင့်ကို အနမ်းလေးပေးရင် ထမယ်"

နှုတ်ခမ်းလေးစူ၍ အိပ်ရာပေါ်မှ မထပဲပြောနေသော
မောင့်ကို မျက်စောင်းလေး လှစ်ခနဲ ထိုးတော့
ပြုံးနေပြန်သေးတယ်။

"မညစ်နဲ့ကွာ ထတော့ ဆိုင်သွားရဦးမှာမလား"

ေမာင်နေပြန်ကောင်းလာပြီးနောက်ပိုင်း
တောင်ကြီးက မောင်နေခဲ့တဲ့ အိမ်လေးမှာ ပြန်နေကြတယ်။
ဒီအိမ်လေးက မကျယ်ပေမယ့် ကျွန်မတို့နှစ်ယောက်အတွက်တော့ အဆင်ပြေလှပါတယ်။

"အားဆိုပေးလေ နော်..."

"....."

"မ နော် ဒီမှာ''

နှုတ်ခမ်းလေးကိုစူထားကာ မျက်လုံးလေးမှိတ်ထားသော
မောင်က သိပ်ချစ်ဖို့ကောင်းတာပဲကွယ်။

"ပြွတ်''

နှုတ်ခမ်းလေးကို အနမ်းပေးလိုက်တော့ ငေါက်ခနဲ ထထိုင်၍
ပြုံးနေသော မောင်ဟာလေ ငယ်ငယ်တုန်းကအတိုင်း အူတူတူလေးနဲ့ တစ်နေ့ထက်တစ်နေ့ ချစ်ဖို့ကောင်းလာတယ်။

"အား....မနက်ခင်းအားဆေးလေးက
စွမ်းအင်တွေပြည့်နေရော ဟဲဟဲ"

"ကဲပါအူကြောင်ကြားလေးရယ်၊လိုချင်တာ ရပြီးရင်လည်း
မျက်နှာသစ်တော့၊မနက်စာ အဆင်သင့်ဖြစ်နေပြီရှင့်"

"ဟုတ် မ"

မောင်က chefတစ်ယောက်ဆိုပေမယ့် အိမ်မှာတော့ အချက်အပြုတ်ကိစ္စတွေကို မိုးက တာဝန်ယူထားသည်။
မောင့်အတွက် ဇနီးမယား တာဝန်ကိုကျေပွန်ချင်တဲ့ ဆန္ဒလေး
တစ်ခုပေါ့။မောင်က မိုးထက် အသက်ငယ်ပေမယ့် မိုး ခိုဝင်ဖို့အတွက် မောင့်ရဲ့ရင်ခွင်လေးက လုံခြုံပါတယ်။

You've reached the end of published parts.

⏰ Last updated: Jan 08, 2024 ⏰

Add this story to your Library to get notified about new parts!

နေညိုမိုး(complete)Where stories live. Discover now