part~12

977 60 0
                                    

unicode

"ဒေါက်....ဒေါက်"

'မ 'က ကျောင်းက ပေးတဲ့ အဆောင်မှာ လူများလို့
နေရတာ အဆင်မပြေသောကြောင့် ကျူရှင်က အဆောင် မှာ ပြောင်း‌ေနရ‌ေကြာင်း  လေပြေက ပြောပြသည်။
နေညို စာကျက်ပြီးလို့  မ ဆီမှာ မြန်မာစာ ဆိုရန်အတွက် တံခါးခေါက်နေမိသည်။ခြေထောင့်က ရပ်လို့မရတာကြောင့်
တံခါးခေါက်ပြီး ထိုင်ချ လိုက်သည်။

"လာ ဝင်ခဲ့ အညိုရောင်"

"ဟုတ်ကဲ့"

"မတ်တပ်ရပ်နိုင်လား"

"ဟင်"

‌နေညို အခန်းထဲ ရောက်တော့ မ က ကုတင်ဘေးက
စားပွဲတစ်လုံးပေါ်တွင် တင်ထားသော စာအုပ်များကို
ကြည့်၍ ပြောလေသည်။

"ခြေထောင့် နားနေတယ်မလား အဲဒါ မတ်တပ်ရပ်နိုင်ရဲ့လားလို့ မေးနေတာ"

"ရပ်နိုင်မယ်ထင်တာပဲ့"

"ဒီနားလာခဲ့"

"ဟုတ်"

မ က နေညို့ကို စားပွဲနားသို့ လာရန် ခေါ်သည်။

"ထိုင်"

"မ ဘာလုပ်မလို့လဲ"

"ရှင့်ကို ရိုက်မလို့"

"နေညို ဘာမှ မလုပ်ထားဘူးကို"

"ကြောင်တောင်တောင်နဲ့ ထိုင်ဆိုထိုင်လိုက်ပေါ့၊လျှာကိုရှည်တယ်"

"ဟုတ်...."

"ဘောင်းဘီ လှန်လိုက်"

"ဟင် ...မ ဘာလို့ လှန်ရမှာလည်း"

"ဆေးလိမ်းပေးမလို့ ဟေး တကယ်တည်း
ဘာတွေ ဖြစ်နေတာလည်း မသိဘူး"

နေညိုရဲ့အူကြောင်ကြောင် ဖြစ်နေတဲ့ ပုံစံကြောင့် နေညို ရှက်လိုက်တာ။ အခန်းထဲက ထွက်ပြေးသွားလိုက်ခြင်တော့တယ်။
မက နေညို ခြေသလုံးကို မြင်ပြီး မျက်နှာ ညှိုးသွားသည်။
ပြီးနောက် ဆေးဘူးဖုံးဖွင့်ကာ သေချာ လိမ်းပေးနေသည်။
နေညိုကတော့ ပျော်လွန်းလို့ နာနေတာတောင် ပျောက်သွားသလိုပဲ့။ဘယ်လိုမျိုးပါလိမ့်။

"မ"

"ရှင် "

"မ က ဘယ်ဇာတိလည်းဟင်"

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora