part~9

958 62 1
                                    

unicode

" ဟုတ်ကဲ့ အဲဒါဆို ပြန်ယူသွားလိုက်ပါမယ်"

နေညို လှည့်ထွက်ဖို့ အတွက် ခြေလှမ်းပြင်လိုက်စဉ်

"ခနလေး ပန်းကို ဒီမှာလာထားခဲ့၊
ပြီးရင် ပြန်တော့" ဟု

ဆရာမက သူမအရှေ့က စားပွဲကို ကြည့်ကာ
ပြောနေသည်။

"ဟုတ်ကဲ့"

နေညို ဆရာမပြောတဲ့အတိုင်း ပန်းကို စားပွဲပေါ်ထားခဲ့ပြီး
ပြန်လာခဲ့သည်။နေညို အခန်းထဲရောက်တော့ လေပြေက
အဆင်ပြေရဲ့လားလို့တော့ မေးရှာသည်။နေညို ခေါင်းညိတ်ကာ ပြုံးရုံပြုံးပြလိုက်သည်။
စိတ်ထဲမှာတော့ ငိုချင်လွန်းလို့ အံကြိတ်ထားမိသည်။

"နေညို ....ဆရာမက ဘာပြောလိုက်လို့လည်း၊
နင့်မျက်နှာကလည်းဟာ "

လေပြေက နေညို့မျက်နှာ မကောင်းတော့ မနေနိုင်လို့ မေးမိခြင်းဖြစ်သည်။နေညိုကလည်း ဟန်ဆောင်ရတဲ့
နေရာတွေဆို မကျွမ်းကျင်တာလည်းပါမည်ထင်သည်။

"ပြေပါတယ်ဟာ ငါ ခေါင်းကိုက်နေလို့ပါ"

နေညို လိမ်လိုက်မိသည်။မဟုတ်ရင်လည်း ဘာမှကြီးကြီးကျယ်ကျယ် ဖြစ်သွားတာမှ မဟုတ်တာ။
နေညိုကသာ ခံစားလွယ်နေတာ ဖြစ်မည်။
နေညိုတို့ ‌ေကျာင်းတက်ခေါင်းလောင်းသံကြားသောကြောင့်
နိုင်ငံတော်သီချင်းဆိုဖို့အတွက် ကျောင်းရှေ့သို့ သွားကြသည်။
ကျောင်းရှေ့သို့ရောက်သောအခါ အသင်းလိုက်တန်းစီကာ
နိုင်ငံတော် အလံကို ‌အလေးပြုကြပြီး ကျောင်းအုပ်ဆရာမကြီး
၏ဆုံးမဩဝါဒများကို ခံယူကာ အခန်းဆီသို့ ပြန်လာခဲ့ကြသည်။အခန်းသို့ ရောက်သောအခါ ကိုယ့်နေရာ
ကိုယ်ထိုင်ကာ မနေ့က သင်ထားသော စာများကို
ပြန်နွှေးနေကြသည်။

"နေညို နင် ကျူရှင်မတက်ဘူးလား"

လေပြေမေးတော့ နေညိုခေါင်းခါမိသည်။နေညိုက ကျူရှင် မတက်ချင်ပါ။ဘာလို့ဆို ကျူရှင် သွားနေရရင် နေညို့ရဲ့ လွတ်လပ်ချိန်တွေ နည်းသွားမည်ကို မလိုလားသောကြောင့်ဖြစ်သည်။တစ်ရက်စာ တစ်ရက်ပုံမှန်ကျက်ရင် အောင်နိုင်တယ်လို့ နေညိုယူဆထားသည်။

နေညိုမိုး(complete)Hikayelerin yaşadığı yer. Şimdi keşfedin