part~34

981 55 0
                                    

Unicode

" ဒီနေ့အတွက် ကျေးဇူးပါ"

"ဟုတ် ရပါတယ် ကိုနေ"

ကိုနေပြန်သွားတော့ ကိုယ်၊လက် သန့်စင်ပြီးနောက်
မောင့်ဆီကို ဖုန်းခေါ်ရန်တွေးလိုက်သည်။ည ၇နာရီတောင်ရှိနေပြီ။အရင်နေ့တွေဆို ဖုန်းခေါ်ပြီး၊ဒီနေ့ကျမှ ဘာလို့မခေါ်တာပါလိမ့်။

ဖုန်းကို ‌ကိုင်လိုက်ပြီး ဖုန်းနံပါတ်လေးကိုရွေးနေစဉ် ဖုန်းဝင်လာခဲ့သည်။ဒါပေမယ့် မောင့်ဆီက မဟုတ်ဘူး။

"Hello မေမေ"

"....."

"မလာဘူး မေမေ၊မိုးဆီ‌ကိုရောက်မလာဘူး
အိမ်ကိုတန်းပြန်မယ်လို့ နေ့လည်က ဖုန်းဆက်သေးတယ်"

"...."

"ဟုတ် မိုး ထပ်ဆက်ကြည့်လိုက်မယ်
စိတ်မပူနဲ့၊သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတာ ဖြစ်မယ်"

"..."

" 'ဒါပဲ့နော်၊ဖုန်းဆက်လို ့ရရင်
မိုး' မေမေ့ဆီ ထပ်ဆက်လိုက်မယ်"

ဖုန်းချပြီးနောက် မောင့်ဆီက်ု ဖုန်းတွေ ဆက်တိုက်ခေါ်ပေမယ့်
စက်ပိတ်ထားကြောင်းသာ ကြားရသည်။
ဘာဖြစ်နေတာလဲ မောင်ရယ်။'မ' 
ိုစိတ်ပူလာပြီကွယ်။ အို...လေပြေရှိတာပဲ့။သူ့ကို ခေါ်ကြည့်ရမယ်။

"Hello လေပြေ၊ဆရာမ ပါ"

"....."

"လေပြေ့နဲ့အတူ မောင်ရှိနေလား"

"....."

"ဟုတ်ပြီ၊ပြန်လာခဲ့ကြတော့ကွယ်၊
လူကြီးတွေ စိတ်ပူနေမယ်ဆိုတာ မသိဘူးလား၊မင်းတို့နဲ့တော့
ခက်တယ်"

ဖုန်းချပြီးနောက် ဗိုက်ဆာနေတာကြောင့်ထမင်းစားလိုက်သည်။
ထမင်းစားလို့ပြီးသည့်တိုင် မောင်က ရောက်မလာသေးပါ။ဟော
အဆောင်ရှေ့က ဆိုင်ကယ်သံကြားရတယ် လာပြီထင်တယ်။

"နေညို အဆောင်ရောက်ပြီ၊ဪ ဘယ်လိုဖြစ်နေတာလဲ
သေချာရပ်လေ"

မောင်က အရက်မူးနေတာလား။ဒါမျိုးတွေ ဘယ်တုန်းက
သောက်တတ်သွားတာလဲ။

"ဟမ် ဘာ ......ဘာပြောတယ်၊ပြန်ပြော လေပြေ၊ပြန်ပြော"

လက်ညှိုးလေးထိုး၍ပြောနေသောမောင်က
လေပြေနဲ့ 'မ'ကိုတောင် သေချာမြင်ရပုံမပေါ်ဘူး။
ဘာလို့သောက်လာတာလဲ မောင်ရယ်။မိန်းကလေး ဖြစ်ပြီးတော့။

နေညိုမိုး(complete)Onde histórias criam vida. Descubra agora