part~31

983 56 0
                                    

unicode

"အမေ နေညိုတို့ရောက်ပြီ"

အိမ်ထဲသို့ ဝင်ရင်း နေညိုရဲ့ အကျင့်တိုင်း
အော် ပြောလိုက်သည်။ဘေးနားက 'မ' က
နေညို့ အကျီစ လေးကို ဆွဲ၍ စိတ်လှုပ်ရှားနေသော
မျက်ဝန်းတို့ဖြင့် ကြည့်နေရှာသည်။ အမေ က အခန်းထဲက
ထွက်လာ၍

"ရောက်ပြီလား နေညို အမေ မျှော်နေတာ
ဆရာမလေး လာလေ"

"ဟုတ် အန်တီ"

မေမေ က 'မ'ကို ခေါ်ပြီးတော့ ထမင်းစားပွဲသို့ ခေါ်သွားသည်။နေညို့ကိုတောင် မကြည့်ပါ။

"ထိုင် ဆရာမလေး၊ဆရာမလေး ကြိုက်တာတွေ သမီးကိုသေချာမေးပြီး ချက်ထားတာ"

"အားနားစရာ‌ အန်တီရယ်"

"အားနာစရာလူတွေမှ မဟုတ်တာ
နောက်လည်း...."

"မေမေ အဖေက အိမ်ပြန်မရောက်သေးဘူးလား"

အမေပြောမည့် စကားကို အလျင်အမြန် ဖြတ်လိုက်၍
စကားလွှဲလိုက်ရသည်။မဟုတ်ရင် အမေတို့က မေ့ပြီး ပြောမိမှာ
စိုးတာကြောင့်။

"ရေချိုးနေတယ် နေညို၊ခဏနေ လာတော့မှာ"

"ဟုတ် မေမေ"

မေမေ့ကို မျက်လုံးတစ်ဖက် မှိတ်ပြ၍ နေညိုနဲ့ မေမေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်နေမိသည်။
ဖေဖေ ရောက်လာတော့ မေမေက နေညို့ကို ဟင်းတွေကို ကူသယ်ပေးရန် မီးဖိုချောင်ဘက်သို့ ခေါ်လာခဲ့သည်။

"မေမေ...."

"ဝေး ...သမီး"

နေညို ဟင်းတွေကို ကူထည့်နေရင်း ခေါ်တော့ မေမေက
လုပ်လက်စအလုပ်တွေကို လက်စသပ်ကာ ပြောသည်။

"ဘယ်လိုလဲ မေမေ့ချွေးမက "

"အက်မယ် လိုက်ဖက်ပါတယ်ရှင်၊လိမ်မာရေးချားရှိပြီး၊
စိတ်ထားကောင်းမယ့် ပုံလေးပါ၊"

"နေညို ချစ်သူလေးက သိပ်လှတယ်မလား"

"လှတယ် ၊တောင်ပေါ်သူလေးနဲ့ တူတယ်"

"အဟီးဟီး....အဲလိုပြောလို့ရတယ်မေမေ"

"အေးပါ၊ကဲ သွားမယ် ဟင်းခွက်တွေသေချာကိုင်နော်၊"

နေညိုမိုး(complete)Opowieści tętniące życiem. Odkryj je teraz