Unicode
At05:30 a.m
"လေပြေ !!ပေးဟာ ကြေမွသွားမယ်"
"ကြေမွ စရာ အကြောင်းမရှိပါဘူးဟာ
ငါက ဖွဖွလေး ကိုင်တာကို အဖြစ်သည်းနေတာ၊
ကြေတဲ့ ဥစ္စာလည်း မဟုတ်ပဲနဲ့ အဟွန့်"
'မ 'ကို လက်ဆောင် ပေးရန်အတွက် corchet headband တစ်ခု ဝယ်လာခဲ့၍ လေပြေကိုပြမိပါတယ်။
မိလေပြေ တို့က ကြည့်၍ မပြီးနိုင်ဖြစ်နေသည်။
"အဲလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူးဟာ
ညစ်ပတ်ကုန်မှာ စိုးလို့ပါ"
"ရှူး...ရှူး ငါသိတယ်၊
ငါကြိုက်လို့ပါဟာ "
နေညိုက ပန်းရောင်ေလးနဲ့ အဖြူရောင် စပ်လေးပါတာ
ဝယ်ခဲ့သည်။ 'မ' က ကြိုက်ပါ့မလား မသိဘူး။လေပြေကတော့
အရောင် ရွေးတော်လို့တဲ့ နေညို့ကို ချီးမွန်းခန်းဖွင့်နေတာ။
"နေညို..."
"ဟင်"
"ငါမထင်ထားဘူးသိလား နင့်လို ဦးနှောက်သေးသေးလေးနဲ့
လူကလေ ဒီလောက်ထိ ပစ္စည်း ရွေးတော်လိမ့်မယ်လို့
ဟားဟား"
"ဘာ!! မိလေပြေ နင်...!!"
"ဘလက် ဘလက်"
လေပြေက ထိုသို့ပြောပြီး စာသင်ခန်း တစ်ခန်းလုံးကို ပတ်ပြေး
နေသည်။
"ငါမော နေပြီ၊ လေပြေ... ပြန်ပေးဟာ" နေညိုပြောတော့
လေပြေက ပတ်ပြေးနေရ မှ ရပ်လိုက်ပြီး
ခါးတစ်ဖက် ထောက်၍ နေညို့ဘေးနား လာရပ်ကာ
"ရော့ ...."
နေညို ယူဖို့လုပ်တော့ မပေးဘဲနဲ့ ပြန်ယူသွားသေးသည်။
"ကျစ်.....ဘာလဲဟာ.."
"ငါ့ကို ခဲပန်းချီ တစ်ပုံ ဆွဲပေးရမယ်၊ပြီးတော့ ဒီလက်ပတ်လို
တစ်ခု ဝယ်ပေးရမယ်"
"ဝယ်ပေးမယ် ၊ပုံလည်းဆွဲပေးမယ်၊
လောလောဆယ် ငါ့ဟာလေး ပြန်ပေးနော်"
"တကယ်နော် မှတ်ထားလိုက်ပြီ၊ ရေးး:::
ရော့...."
နေညို ယူလိုက်ပြီးတော့ အိပ်လေးထဲကို
သေချာ ပြန်ထည့်လိုက်ပြီး စာ ကျက်ဖို့ အာရုံ စိုက်လိုက်သည်။
"နေညို နင် ပန်းသွားမပေးတော့ဘူးလား"
"သွားမှာလေ ဘာဖြစ်လို့လဲ"
ВЫ ЧИТАЕТЕ
နေညိုမိုး(complete)
Любовные романы♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...
