part-29

994 56 4
                                    

Unicode

"နေညို ငါ သတင်းတစ်ခုကြားထားတယ်"

လေပြေက စားလက်စ မုန့်ကို ချ၍ ပြောသည်။

"ဟုတ်လား ဘာသတင်းများလဲ ပေါက်ကရတွေတော့
မလုပ်နဲ့နော်"

လေပြေမ ကို ယုံရတာမဟုတ်ဘူး။နေညို့ကို လှည့်ကွက်လေး
တွေ သုံးပြီး ဖဲ့တတ်တာ ခံရတာ များနေပြီ။

"ပေါက်ကရမဟုတ်ဘူး ၊နင်စိတ်မကောင်း မဖြစ်ရဘူးနော်"

"ဟဲ့ လျှာရှည်ပြန်ပြီဟာ..လိုရင်းကိုသာ ပြောစမ်းပါဟာ"

နေညိုလိုပဲ့ ‌နိုနိုလည်း စိတ်မရှည်ဘူးနဲ့တူတယ်။လေပြေကို
တစ်ခုခု လုပ်တော့မယ့် ပုံဖြင့် ပြောနေသည်။

"နင့်ရေခဲတုံး၊ဆရာမ အကြောင်းလေ"

မ ဆိုလို့ နေညို ကျောများပင် မတ်သွားသည်။

"ဒီအရူးတော့ စကားကို ဆက်ပြောလေ၊ဘာလို ရပ်ချလိုက်တာလဲ"

"အေးလေ မပြောချင်ရင် စကတည်းက မပြောပါနဲ့လား
ဖြန်း:::::"

နေညိုထက်စိတ်မရှည်တာကတော့ နိုနို။
လေပြေမ ကတော့ အဲလို အကျင့်ကို ဒီတစ်သက် ပြင်မယ်မထင်ဘူး။

"ဟဲ့ ငါ့ကို ဘာလို့ရိုက်တာလဲ မိနိုနို!!!"

"နင် လျှာရှည်လို့လေ"

နိုနိုရိုက်လိုက်တာကို မကျေမနပ် ပြောနေသော
လေပြေ့ကို နေညိုကပဲ့ ဖြေလိုက်သည်။

"ဆရာမကလေ ခိုးရာ လိုက်ပြေး ဖူးတယ်တဲ့၊အဲနေ့မှာပဲ့
သူ့ချစ်သူက ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားရှာတယ်တဲ့"

နေညို့ အခုခံစားချက်ကို ဘယ်လိုမျိုးဆိုတာတောင်
မပြောပြတတ်ပါ။'မ' ကိုသာ သနားနေမိတယ်။အဲဒီတုန်းကဆို
မ က ဘယ်လောက်တောင် ခံစားနေလိုက်ရမလဲ။
ဒါကြောင့် မ က အချစ်ကို ကြောက်နေတာများလား။

နိုနိုက နေညို့ လက်လေးကို ဆုပ်ကိုင်လာပြီး

"စိတ်မကောင်း မဖြစ်ပါနဲ့ဟာ၊အဲဒါ အတိတ်ဖြစ်သွားပြီပဲဟာ..
လေပြေ နင့်သတင်းက သေချာရဲ့လား"

"အတိအကျတော့ ငါလည်း မသိဘူး စုလဲ့ဟန်ပြောပြတာပဲဟာ
နင်မယုံရင် သူ့သွားမေးကြည့်ပါလား နေညို"

နေညိုမိုး(complete)Onde histórias criam vida. Descubra agora