unicode
"အညိုရောင် မကို ကြည့်ပါအုန်း"
"နေညို နားထောင်နေပါတယ် ဆရာမ"
နေညို စိတ်လှုပ်ရှားလွန်းလို့ နေညိုလက်သည်းတွေ
တောင် ကုန်သလောက်နီးပါးဖြစ်နေပြီ၊အထူးသဖြင့်
အရှေ့က အမျိုးသမီးပြောမဲ့ စကားတွေကို နေညို
နားမထောင်ရဲတာ ဆိုပိုမှန်မည်။"မ တောင်းပန်ပါတယ်၊ တကယ်စိတ်ရင်းနဲ့...."
ပြောလက်စ စကားများ ခဏရပ်သွားသည်။
"ဒေါက် ..ဒေါက်၊
သမီးရေ ဒယ်ဒီ ဝင်ခဲ့မယ်နော်"နေညို သက်ပြင်းလေး မသိမသာချမိသည်။ နေညို အတိတ်က
အဖြစ်ပျက်တွေကို တကယ် မကြားချင်တော့ပါ။ ခံနိုင်ရည်မရှိ
တာဆို ပိုမှန်မည် ထင်သည်။အတိတ်က လိုမျိုး နေညို မကျရှုံးချင်တော့ပါ။ ဒီတစ်ခါဆို နေညို အငွေ့ပျံ သွားဖို့ပဲ့ ရှိတော့သည်။'ကျွီ...'
တံခါး ဖွင့်သံနဲ့ အတူ အရှေ့ကိုရောက်လာသော
ထိုလူဟာ မရဲ့ အဖေ ဆိုတာ သေချာပါသည်။ မျက်လုံး၊
မျက်ခုံး၊ ရယ်တာတွေက အစ မနဲ့ တစ်ထပ်တည်းတူသည်။"ဟော ဒယ်ဒီသမီးက ဒီကို ဘယ်လို ရောက်နေတာလဲ"
"သမီး ၊ အားနေတာနဲ့ ဆိုင်ဘက် ထွက်လာလိုက်တာ"
"အဲလိုကို ဒါနဲ့ သူက"
နေညိုကို မေးဟန်တူသည်။
"သမီးတို့ ဆိုင်ရဲ့ chef အသစ်လေ ဒယ်ဒီ"
"ဟုတ်လား၊ တွေ့ရတာ ဝမ်းသာပါတယ်ကွယ်"
နေညို နှုတ်ဆက်ဖို့ ကြောက်စိတ်တွေကို ခနလေး ဖယ်လိုက်ရသည်။
"ဟုတ်ကဲ့ ၊နေညိုရောင်လို့ ခေါ်ပါတယ် ဦး"
"အေး အလုပ်ကြိုးစားနော်၊ ဒါနဲ့ chef က နှစ်ယောက်
ခန့်ထားတာဆို "နေညို ထွက်သွာဖို့ မတ်တပ်ရပ်လိုက်သည်။
" ဟို နေညို့ကို ပြောစရာမရှိတော့ရင် ခွင့်ပြုပါအုန်း"
" ဟုတ်ပြီ နေညို "
မရဲ့ အဖေက ပြောလိုက်သည်။ အရှေ့က မ ဆိုတဲ့ အမျိုးသမီးကတော့ နေညိုကို မသွားစေချင်သော
မျက်ဝန်းများနဲ့ ကြည့်နေသည်။ နေညို အဲမျက်ဝန်းတွေ ကို
ကြောက်ပါသည်။ ထပ်ပြီး ကျရှုံးသွားမှာ နေညို စိုးရိမ်သည်။

KAMU SEDANG MEMBACA
နေညိုမိုး(complete)
Romansa♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...