part~14

950 55 0
                                    

Unicode

At 07:20

"နေညို သွားရအောင်၊ငါ ဗိုက်ဆာနေပြီဟ"

မနက်စောစော စာ  ကျက်ပြီး
မနက်စာ စားချိန်ရောက်နေပြီ
ဖြစ်သောကြောင့် စားဖိုဆောင်
သို့သွားရန် လေပြေကနေညိုကို
ခေါ်နေခြင်းဖြစ်သည်။

"‌ပြီးပါပြီ သွားမယ်၊မနက်စာ မစားဖူးတာကျနေတာပဲ"

နေညို ရေးလက်စ စာအုပ်လေးကို
လက်စသပ်လိုက်ပြီး ပြောလိုက်သည်။

နေညိုတို့ ထွက်လာပြီး မကြာမီ
စားဖိုအဆာင်သို့ရောက်သည်။
စားစရာများကို ယူ၍ နေရာတကျ
ထိုင်စားနေလိုက်သည်။လေပြေကတော့
ခေါင်းကို အပေါ်သို့ပင် မမော့ကြည့်ပါ၊
တော်တော်ဆာနေပုံရသည်။

"နေညို ကိုထိုင်မယ်နော်"

"ကိုကိုတို့ပါလား မနက်စာစားလို့ပြီးပြီလား"

လေပြေကတော့ စည်သူခန့်နဲ့ ရှိန်းထက်အောင်ကို
ဖော်ရွေစွာ ပြုံးပြနှုတ်ဆက်နေသည်။ နေညိုတော့
ဘာမှမပြောမိ စိတ်ထဲတွင်တော့ 'မနက်စောစော
စိတ်ညစ်နေရဦးမယ်'ဟု၍ တွေးလိုက်မိသည်။

"ဟုတ်တယ် ငယ် ၊ကိုကိုတို့ ငယ်တို့ကို တွေ့လို့ လာနှုတ်
ဆက်တာ"

နေ့တိုင်းတွေ့နေရတာကို ၊ပိုကိုပိုလွန်းတယ်
နေညို စိတ်ထဲ၌သာ ပြောနေမိသည်။လေပြေကတော့ ထီပေါက်သလို မျက်နှာနဲ့ ပြုံးလို့ပျော်လို့။ဟုတ်တော့လည်း
ဟုတ်ပါသည်လေ နေညိုနဲ့ ရှိန်းထက်အောင် ပြဿနာ ဖြစ်ပြီး
ကတည်းက လေပြေတို့နှစ်ယောက်က သေချာမတွေဖြစ်ကြပါ။

"နေညို စာတွေ လိုက်နိုင်တယ်မလား"

ရှိန်းထက်အောင်က နေညို့နဲ့ မျက်နှာချင်းဆိုင် ခုံတွင်
ကျောကို မှီလိုက်ကာ ဆိုသည်။

"အင်း လိုက်နိုင်ပါတယ်၊
နင်ရော ရတယ်မလား"

နေညို မကောင်းတတ်တာနဲ့ အလိုက်အထိုက်လေး
မေးလိုက်မိသည်။

"အင်း ......ကို ကြိုးစားနေပါတယ်၊"

ရှိန်း‌ထက်အောင်က မှီထားသောကျောကို ပြန်မတ်၍
ပြုံးရယ်ရင်းပြောသည်။ရှိန်းထက်အောင်က ရုပ်ရည်သန့်ပြန့်
ပြီး ကြည့်ကောင်းသော သူတစ်ယောက်ပင်။
ရှိန်းထက်အောင်ကို ကြိုက်တဲ့ မိန်ကလေးတွေလည်း
များကြောင်း လေပြေကတော့ တခါတလေပြောပြတတ်သည်။
ဒါပေမယ့်လည်းလူတစ်ယောက်ဟာ ဘယ်လောက်ပြည့်စုံနေတဲ့
လူဖြစ်ပါစေ မချစ်တဲ့သူကတော့ မချစ်တာပါပဲ။
သူက အများမြင်မှာ အပြစ်အနာဆာမရှိတဲ့ အရုပ်လေး
ဖြစ်ပေမယ့် ဒီအရုပ်ကို မလိုချင်တဲ့သူအဖို့တော့
ထိုအရုပ် ကောင်းကောင်းဆိုးဆိုး မထူးဆန်းပါ။
ဒါကို ဖန်တီးယူလို့မရသလို ဖျက်ဆီးယူလို့လည်းမရဘူး
မဟုတ်လား။အချစ်ဆိုတာ ထူးဆန်းကြောင်း
နေညို နားလည်နေပြီ။

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora