part~13

915 59 0
                                    

Unicode

အခုဆိုရင် နေညိုတို့ကျောင်းတက်နေခဲ့တာ
နှစ်လတောင် ရှိနေပြီ။နှစ်လအတွင်းပြောင်းလဲခဲ့တာတွေ
မှ အများကြီး။ အခုဆို နေညိုက မ နဲ့ ပက်သက်တဲ့ အကြောင်းလေးတွေ တော်တော်များများသိနေပြီ။
မကလေ ပြောင်းဖူးကြိုက်တဲ့သူ၊ကန်စွန်းဥလည်း ကြိုက်တယ်။
ထမင်းစားရင် ရေနွေးလေးသောက်တတ်တာ‌၊
နှစ်ဆီပန်းအနံ့လေးကိုကြိုက်တတ်တာ၊ပြီးတော့
လသာတဲ့ ညတွေဆို သီချင်းလေးညည်းတတ်တာ
စသဖြင့် မ အကြောင်းတွေ နေညို သိနေပြီ။
တစ်ခါတခါ နွေးထွေးသလောက် တခါတခါ အေးစက်စက် ဆက်ဆံတတ်တယ်။လေပြေကတော့ နင့်ဆရာမ ရေခဲတုံးလေးဟု မကြာခဏပြောတတ်သည်။
ဘာဖြစ်ဖြစ်ပေါ့ နေညိုကတော့ မ ကို ချစ်နေတယ်ဆိုတာ
တနေ့ထက်တနေ့ ပိုသေချာလာခဲ့ပြီ။

"နေညို ပြောင်းဖူးတွေဘာလုပ်မလို့လဲ၊
နင်စားတာမဟုတ်ဘဲနဲ့"

"မ ဖို့လေ၊မ က ပြောင်းဖူးသိပ်ကြိုက်တာ လေပြေ"

‌ညနေဘက် အပြင်ထွက်ခွင့်ရတာနဲ့ လျှောက်ပတ်ကြည့်နေရာ၊ပြောင်းဖူးသည်တွေ့လို့  ဝယ်နေခြင်းဖြစ်သည်။

"နေညို၊နင်သိလား"

"ဘာကိုသိရမှာလဲ ငါက"

"နင့်ရေခဲတုံး အနားမှာလေ bio အခန်းက စုလဲ့ဟန် ဆိုတဲ့
ကောင်မ သိပ်ကပ်နေတယ်နော်၊အဲမိန်းမကို ငါ တစ်စက်မှ ကြည့်လို့မရဘူး၊နေရာတကာ သူသိ၊သူတတ်နဲ့ "

"ဆရာမ ကို ကျောင်းသားက ခင်မင်တာ ကောင်းတာပေါ့ဟ"

စုလဲ့ဟန်က ကျောင်းမှာဆို စာတော်ဆုံးကျောင်းသူပေါ့။
ဆရာမ တွေရဲ့ အချစ်ခံလေးလည်းဖြစ်သည်။အဲလို ဂုဏ်ပုဒ်တွေကြောင့် မာနတွေ တော့ ကြီးသည်။ တစ် ကနေ
တစ်ဆယ်အထိ အဆင့်ရသူတွေနဲ့ အပေါင်းအသင်းလုပ်သည်။
နေညိုကတော့ လူတွေ အကြောင်း သိပ်ဂရုစိုက်တတ်တဲ့သူ
မဟုတ်‌ေတာ့ စုလဲ့ဟန်နဲ့ပက်သက်ပြီး ဘာမှ အထွေထွေထူးထူး
ပြောစရာမရှိပါ။

"အေးပါဟယ် ဒါနဲ့ နင် ‌ေကျာင်းပြီးရင် သီလရှင်ဝတ်ပါလား"

"ဟင် ဘာလို့ဝတ်စေချင်တာ"

နေညိုပြောလိုက်တော့ မျက်နှာတစ်ဖက်မဲ့ပြ၍

"ဖြန်း"

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora