part~25

1.4K 67 4
                                        

unicode

"မ မောနေပြီလား"

နေညိုတို့ တောင်ပေါ်သို့ရောက်ရန်အတွက် ခြေလှမ်း အနည်းငယ်လိုတွင် နေညို မေးလိုက်ခြင်းဖြစ်သည်။
နေညိုမေးတော့ 'မ'က နေညို့ကို မော့ကြည့်လာ၍

"မမောဘူး ရတယ် မင်းသာ အနေထိုင်ဆင်ချင်"

"ဟင် နေညို ဘာလုပ်လို့လဲ"

"ကိုယ့်ဘာသာ ပိုသိမှာပေါ့"

"အညိုရောင်ကို စိတ်ဆိုးမပြေသေးဘူးလား"

"မိန်းကလေးတွေရော၊ယောက်ျားလေးတွေနဲ့ရော ကင်းအောင်နေ"

'မ'ပြောရင်းနဲ့ နှုတ်ခမ်းလေး ထော်လာသည်။
ချစ်ဖို့ကောင်းလိုက်တာ မျက်နှာလေးက.. အဟီးဟီး။
နေညို စိတ်ထဲ၌ တွေးပြီး ကြိတ်သဘောကျနေသည်။

"ဟုတ် 'မ'သဘောအတိုင်းဖြစ်စေရယ်"

နေညို ပြောတာကို 'မ'က ဘာမှ ပြန်မပြောပါ။ နေညိုလည်း ထပ်မပြောတော့ဘဲ အပေါ်ကိုသာ ဆက်တက်ခဲ့သည်။
အပေါ်ကို ရောက်တော့ အရင်ဦးဆုံး လန်းဆန်းတဲ့ လေ
‌ေလးကို အရင် ခံစားမိသည်။ပင်ပန်းလာသမျှ အပေါ်ရောက်တာနဲ့ အားလုံးပျောက်သွားသည်။

"နေညို ငါ့ကို ဟို ဝါးပင်လေးအနားမှာ ဓာတ်ပုံရိုက်ပေးနော်"

လေပြေက ထိုသို့ ပြော၍ နေညို့လက်မောင်းကို အတင်းဆွဲခေါ်နေသည် ။ဘေးနားက 'မ' က
နေညို့ကို စိုက်ကြည့်နေသည်။

"ဟဲ့ ငါမအားဘူး 'မ'ကို ရိုက်ပေးဖို့ပြောထားလို့ အခုမရဘူး
'မ'ကို ရိုက်ပေးလို့ပြီးသွားရင် လာခဲ့မယ်"

‌လေပြေ့ အနားကို ကပ်၍ နေညို တိုးတိုးလေး ပြောလိုက်သည်။

"မောင်ကလည်း .....နော် အာဘွားပေးမယ်လေ
လာပါ...."

"ဟဲ့ ဘာတွေ ပြောနေတာလဲ"

လေပြေရဲ့ "မောင် ခေါ်သံ ကြားရတာကြောင့် နေညို ကြက်သီးများပင် ထွက်လာသည်။ရယ်လည်း ရယ်ချင်သည်။
ဘေးနားက အမျိုးသမီးကို လှမ်းကြည့်လိုက်တော့ နေညိုတို့ကို
မကြည့်ဘဲ တောင်အောက်ကို ငေးကြည့်နေသည်။

"မောင် ....နော် နော်.. "

"ခွီး.....ဘာမောင်လည်း အရူးရဲ့"

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora