Unicode
တစ်ပတ်ခန့်ကြာပြီးနောက်
"လေပြေ နှင်းဆီပန်းအဝါတွေပဲ့ ရွေးဝယ်ခဲ့နော်"
"ငါသိပါတယ် ဘယ်နှကြိမ်တောင်ပြောနေမှာလဲဟာ"
လေပြေက နေညို့ကို ပိုကိုလွနး်တယ်လို့
အကြည့်ကလေးဖြင့်ပြောသည်။နေညိုနဲ့ မရဲ့ anniversary နေ့လေးအတွက်
မ မသိအောင် တိတ်တိတ်လေးပြင်ဆင်နေကြသည်။
မ က ကျောင်းပျက်ရမှာ စိုးတာကြောင့် ညဘက် လုပ်ဖို့ သဘောတူထားသည်။နေ့ညို ရဲ့ အစီစဉ်ကြောင့် အဆောင်မှာ မလုပ်ဖြစ်ပါ။မေမေနဲ့ဖေဖေက အလုပ်ကိစ္စနဲ့ ခရီးသွားတာကြောင့် အိမ်မှာသာ လုပ်လိုက်ရသည်။ အိမ်မှာဆိုတော့ အဆောင်နဲ့လည်း နီးတာကြောင့် ပို၍ အဆင်ပြေသည်။"နင်မေ့ပြီး အနီရောင်တွေ ဝယ်လာမှာစိုးလို့ပါ၊
ချစ်လေးကလည်း နော်""သိပါတယ် ဒါဆို သွားလိုက်ဦးမယ်"
ကိတ်မုန့်လေးတစ်ခုရယ် နှင်းဆီအဝါရောင် ပန်းစည်းလေးရယ်
ပြီးတော့ မ နဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေရယ်
နေညို့အခန်းလေးထဲ ပြင်ဆင်ထားသည်။မ က ကြီးကြီးကျယ်ကျယ် မလုပ်ဖို့ တားမြစ်ထားတာကြောင့်။
မ နဲ့ နေညိုနဲ့ ရန်ဖြစ်တဲ့နေ့ပြီးကတည်းက မ ကနေညို့ကို ပိုဂရုစိုက်လာသည်။ပြီးတော့ အဆုံးထိမတွေးဖို့ အခါခွင့်သင့်လျှင်သင့်သလို ပြောတတ်သေးသည်။
လေပြေ ပြန်လာတော့ နေညို့တို့ နှင်းဆီအပွင့်ဖက်လေးတွေ
ကို အသဲပုံလေးပြင်ထားလိုက်သည်။ပြီးတော့ နာမည်လေးတွေနဲ့ လုပ်ထားတဲ့ လက်စွပ်လေးနှစ်ခု။လက်ဆောင် ဘူးလေးက တစ်ခု။သူ့နေရာနှင့်သူ သေသေသပ်သပ် ပြင်ဆင်ထားလိုက်သည်။ ဒီနေ့လေးမှာ
အသုံးများဆုံးကတော့ အဝါရောင်နှင်းဆီပန်းလေးတွေဖြစ်တယ်။နေညိုက မ အတွက်
ပျော်ရွှင်မှုေတွပဲ့ပေးချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ပေါ့။ဘယ်သူ့မှမသိတာက နေညို အနီရောင်နှင်းဆီလေးတစ်ပွင့် ဝယ်ထားခဲ့တာကိုပေါ့။အားလုံးပြင်ဆင်၍ပြီးသွားတော့ အချိန်ကား ၅နာရီပင် ရှိနေပြီ။
"လေပြေ ...နိုနိုက ဘယ်အချိန်လာမှာလဲ"
"လာမှာပေါ့ ဟာ ၊သူအလှပြင်ရင် ကြာတတ်တာသိသားနဲ့
ပြောနေသေးတယ်၊ဒါနဲ့ ဆရာမရော ဘယ်တော့လာမှာလဲ"
ESTÁS LEYENDO
နေညိုမိုး(complete)
Romance♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...