unicode
အတိတ်နေ့စွဲများ
2017
ဒီနေ့က နေညို ဆယ်တန်းစတက်မယ့်ရက်ဖြစ်သည်။
ကျောင်းက နေညိုတို့အိမ်နဲ့ဆို လမ်းလျှောက်ပြီးသွားရင်
ဆယ့်ငါးမီနစ်လောက်တော့သွားရသည်။
နေညိုတို့ကျောင်းက ထားဝယ် မြို့ရှိ အထက(ခွဲ)
ကျောင်းတစ်ကျောင်း ဖြစ်သည်။ကျောင်းကို နေညိုက
ခြေဖြင့်သာ သွားသည်။တစ်ခါတစ်ရံ နေညို့ သူငယ်ချင်း
လေပြေသွေး၊ နိုရာကိုတို့နှင့်သွားသည်။
နေညိုတို့ကျောင်းက လမ်းအရှေ့ဘက်ရော လမ်း
အနောက်ဘက်ရော ကျောင်းဆောင်များရှိသည်။
အထက်တန်းများကို လမ်းအနောက်ဘက်ရှိ ကျောင်းဆောင်များတွင် တက်ရပြီး လမ်းတစ်လျှောက်
ပိတောက်ပင်များစိုက်ထားသည်။ နေညိုကတော့ လူကြောက်
တစ်ယောက်ပေါ့။ သူငယ်ချင်းတွေက လွဲပြီး ကျန်တဲ့ သူများကို
စကားပြောရမှာ ရှက်တဲ့လူမျိုးပေါ့။
"နေညို လာပြီးလား"
"လာပြီ လေပြေ၊ နင်တို့ ခုံနေရာ ယူပြီးကြပြီလား၊
ငါ အရှေ့တန်းမှာလည်း မထိုင်ဘူး၊အနောက်တန်းမှာလည်း
မထိုင်ဘူးနော်"
နေညို ပြောလိုက်တော့ လေပြေက သိတယ် ဆိုတဲ့ အမူရာ
လေးပြပြီး ထိုင်ရမယ့် နေရာကို ဆွဲခေါ်သွားသည်။
"ဒီမှာ ထိုင်ရမှာပါ အရှင်မင်းကြီး"
"အေး တော်တယ်မောင်မင်း၊ ဟဲဟဲ"
နေညို နောက်လိုက်တော့ လေပြေက မျက်စောင်းတစ်ချက်ထိုး
ကာ ထိုင်လေသည်။
"လေပြေ ၊ဒေါ်နိုရာကိုရော မရောက်သေးဘူးလား"
"မလာသေးလို့ မမြင်တာပေါ့"
နေညို့ ကို ဘုကြည့် ကြည့်ကာ ပြန်ဖြေသော လေပြေပင်။
"ဟဲ့ ငါ့အကြောင်းတွေ ဘာအတင်းတုပ်နေကြတာလဲ"
နေညို့တို့ အဖွဲ့မှာ အချောဆုံးဖြစ်သော နိုရာကိုက ပြောလိုက်ခြင်းဖြစ်သည်။
"နင် သေသွာပြီမှတ်လို့ ငါတို့နှစ်ယောက် မုန့်ဟင်းခါး
လာစားမလို့ တိုင်ပင်နေတာ"
"ဘာ!!ငါ လို အချောလေးကို ပြောရက်တယ်နော်"
နိုရာကိုက ပြောရင်း နေညို့နဲ့ လေပြေရဲ့ အလယ်မှာ ဝင်ထိုင်လိုက်သည်။ နေညို့တို့ သူငယ်ချင်းအဖွဲ့ ရေပတ်မဝင်အောင် စကားတွေ ပြောနေစဉ် ကျောင်းတက်
ခေါင်းလောင်းထိုးသံ ကြားရသည်။
VOCÊ ESTÁ LENDO
နေညိုမိုး(complete)
Romance♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...
