part-42

1.2K 53 4
                                    

Unicode

operation အခန်းရှေ့ဘက်၌ တိတ်ဆိတ်စွာ ထိုင်နေကြသော မိသားစု နှစ်ခု။
အချိန် တစ်ခုလောက်ကြာပြီးနောက်အခန်းဝသို့ ဆရာဝန်ရောက်လာသောကြောင့်
ဦးစိုင်းသီဟက ထိုင်နေရာ ဆက်ခနဲထ၍

"ဒေါက်တာ ကျွန်တော့ သမီးလေးအခြေနေ ကောင်းတယ်မလား."

တစ်ဖက်မိသားစုကတော့ မေးခွန်းထပ်‌မပေးဘဲ ဒေါက်တာ
ပြောလာမယ့် စကားကို နားထောင်နေကြသည်။

"လူနာနှစ်ယောက်လုံးက အခြေအနေ သိပ်မကောင်းဘူး၊
တစ်ယောက်က အသက်ရှင်ဖို့ အခွင့်အရေးများပေမယ့်
နောက်တစ်ယောက်ကြတော့ အသက်ရှင်နိုင်ဖို့က ၅၀
ရာခိုင်နှုန်းလောက်သာသေချာသည်။"

"ဗျာ....."

ဦးစိုင်းသီဟ ခြေလှမ်းများပင် နောက်ဆုတ်သွားသည်။
အားလုံးတိတ်ဆိတ်နေကြသဖြင့် ဒေါက်တာက ဆက်ပြောသည်။

"ကျွန်တော်တို့ နှစ်ယောက်ထဲကတစ်ယောက်ကို ခွဲစိတ်ကုသမှု အမြန်လုပ်ရမယ် နံရိုးတစ်ချောင်းက အသည်းတစ်ခုလံုးကို ထိုးမိသွားတာကြောင့် ပျက်စီးသွားတယ်။ကံကောင်းသွားတာက
လူနာနှစ်ယောက်က သွေးအမျိုးအစား‌ေရာ လိုအပ်တဲ့ DNA‌ေတွပါတူနေကြတယ်
ကျွန်တော်တို့ဘက်က အကောင်းဆုံး ကုသပေးမှာမလို့
အသဲတစ်ခြမ်း လှူတဲ့ ကိစ္စက ဒီကမိသားစုတွေ ဆွေးနွေးကြပေါ့"

"ဟုတ်ကဲ့ ခင်ဗျ"

"ဒီက အစ်ကိုနဲ့ ဒီဘက်က အစ်ကိုရော ကျွန်တော့်ရုံးခန်းကို
ခဏလောက် လိုက်ခဲ့ပေးပါ"

နှစ်ယောက်စလုံး ခေါင်းညိတ်ကြ၍ နေညိုရောင့်အဖေ ဦး
နေရောင်က မိန်းမဖြစ်သူ ဒေါ်ခင်မိုးညိုအား ပွေ့ဖက်၍
သိပ်စိတ်မပူရန် နှစ်သိမ့်ပေးနေသည်။

~~~~~~~~~
မျက်လုံးဖွင့်ဖွင့်ချင်း အလင်းရောင်စူးစူးက မျက်လုံးများပေါ်သို့
လာရိုက်ခတ်တာကြောင့် မျက်လုံးများကြုတ်ထားလိုက်ပြီး
ဖြေးဖြေးချင်း ဖွင့်ရသည်။

"မိုး သမီးလေး သတိရလာပြီလား"

ကြီးကြီးလှကို ခေါင်းညိတ်ပြလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို
သေချာကြည့်ပေမယ့် မိုးရဲ့ မိသားစု ဝင်တွေ တစ်ယောက်မှ
ရှိမနေပါ။

နေညိုမိုး(complete)Where stories live. Discover now