Unicode
နေညို မ ဆီက ပြေးထွက်လာခဲ့ပေမယ့် ဦးတည်ချက်မရှိပါ။
ညက တစ်ဖြေးဖြေးနက်လာပြီဖြစ်သောကြောင့် လမ်းမတစ်လျှောက်မှောင်မည်းနေသည်။
လမ်းပေါ်မှာတော့ ကားများက ဆက်တိုက်သွားလာနေကြသည်။ နေညို စိတ်ရှိသ၍ ပြေးလာပြီးနောက် ဆက်မပြေးနိုင်တော့ပါ။ဒါကြောင့်
လမ်းသွားလမ်းလာ များ နားရန်အတွက် ပြုလုပ်ထားသော
ခုံတန်းရှည်တစ်ခုပေါ်၌ ထိုင်လိုက်သည်။မကြာမီ မိုးရွာလာသည်။ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်၍ မျက်ရည်
များကို သုတ်လိုက်သည်။
နေညို မျက်စိမှိတ်လိုက်တိုင်း မနဲ့ ဟိုလူနဲ့ နမ်းနေတဲ့ ပုံရိပ်များက မျက်လုံးထဲ အထင်းသားမြင်နေရသည်။
မ ဘာလို့၊ အဲလောက် ရက်စက်နိုင်ရတာလဲ၊နေညိုဘက်က
ဒီလောက် တောင်းပန်ထားတာတောင်။ပြောတော့ နေညိုရှိတဲ့
အရပ်မှာပဲ့ မရဲ့ အချစ်တွေက ရှင်သန်မှာဆို။ချစ်ပါတယ်လို့
နေညို့ကို ဘာလို့ ညာရက်တာလဲ။အခုလောက်ဆို နေညို့ကို
လှောင်ရယ်နေကြမှာပေါ့။ဘာမှ မသိတဲ့ သူဆိုပြီး။
ပြောတော့ သူငယ်ချင်းပါဆို။အခုတော့ အခုတော့
မ နေညို့ကို လှည့်စားရက်တယ်။
"အား::::::::"
နေညို ဒေါသ အရမ်းထွက်ပြီး၊ရှက်ရွံ့တဲ့ စိတ်က တစ်ကိုယ်လုံးပျံ့နှံ့နေတာကြောင့် အားကုန်အော်၍
စိတ်လို လက်ရ ငိုနေလိုက်သည်။လမ်းသွားလမ်းလာများက
နေညို့ကို ကြည့်နေကြပေမယ့် နေညို မရှက်ပါ။ဒါက ရှက်စရာမှ မဟုတ်သေးပဲ။
ဘာတဲ့ အဆင်အတန်းမရှိတဲ့ သူတွေနဲ့ ပက်သက်နေတယ်တဲ့။
အဆင့်အတန်းအရမ်းမြင့်နေရင် ဘာလို့ နေညို့ကိုချစ်တယ်လို့
ပြောခဲ့သေးလဲ။မဟုတ်ဘူး ညာတာမဟုတ်ဘူး နေညို့ကို
ပျော်စရာ တစ်ခုအနေနဲ့ ကစားသွားတာ။အစကတည်းက
ထားသွားဖို့ စိတ်ကူးရှိခဲ့ပုံရတယ်။နေညိုကသာ အရူးလိုမျိုး ဘာမှ မမြင်နိုင်လောက်တဲ့အထိ ချစ်မိခဲ့တာ။'မ' သိပ်ပင်ပန်းခဲ့မှာပဲ့
နေညို့ကို ချစ်ဟန်ဆောင်ရလို့ သိပ်ပင်ပန်းခဲ့မှာပဲ့ မရယ်။
တစ်ကိုယ်လုံးအေးစက် ပြီးချမ်းနေပေမယ့် နေညိုမမှုပါ။ရင်ထဲက ဒဏ်ရာက အပြင်ကလောက်မှ မနာကျင်ရပဲ။
ESTÁS LEYENDO
နေညိုမိုး(complete)
Romance♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...
