part~15

976 62 0
                                    

Unicode

ပိတောက်ပင်တန်းက ပြန်လာပြီး
ကတည်းက နေညို စိတ်မကြည်ပါ။
ဒေါသလည်း ထွက်နေမိသည်။
ပြီးတော့ မ ကို လက်လွှတ်ပေးလိုက်ရမှာ
ကိုလည်း နေညို ‌ကြောက်နေမိသည်။
တစ်ဖက်သက် အချစ်က အရူးလို့ပဲ့
မ ရယ် နေညို စိတ်တွေ ရောက်ရက်ခက်
နေတယ်။ နေညို မ ကို သူများတွေ ပိုင်သွားမှာ
စိုးရိမ်တယ်။

အရှေ့က စာသာ တစ်ဘာသာပြီး
တစ်ဘာသာ သင်နေသည်၊ နေညို့ စိတ်တွေက
တော့ တိမ်လို လေလေို့ လွင့်မျောနေသည်။

"နေညို ဘာဖြစ်နေတာလဲ၊ ထမင်းစားကျောင်း
ဆင်းကတည်းက ဒီလိုဖြစ်နေတာ၊တစ်ခုခု ဖြစ်လို့လား"

လေပြေက ‌စာရေးလက်စ သခ်ျာစာအုပ်ကိုပိတ်လိုက်ပြီး
နေညို့ကို စိတ်ပူစွာ မေးသည်။

"လေပြေ ငါလေ ..ငါ"

"အေး ပြော နင် ဘာဖြစ်တာလဲ မြန်မြန်ပြောဟာ၊
ငါစိတ်ပူလာပြီ"

"ငါ မကို မဆုံးရှုံးချင်ဘူးဟာ သိလား၊ငါကို စုလဲ့ဟန်ကလေ
မရဲ့ အချစ်ကို သူက ရအောင် ယူမှာမလို့
ငါကိုနောက်ဆုတ်လိုက်ပါတဲ့"

"ဘာ!!!သူက အဲလို ပြောလား"

"ဟုတ်တယ်ဆိုနေ"

"နင် အဲတော့ ဘာပြောလိုက်လဲ"

"......"

"ဘာမှ မပြောလိုက်ဘူးမလား၊ဒါနဲ့များ ငါ့ကို လာငိုပြနေသေး
တယ်"

"နင်ကလည်းဟာ "နေညို ပြောတော့

"နင်မှာ ပြိုင်ဘက်တွေ ပေါ်လာပြီနေညို၊ဟို စုဆိုတဲ့
သူက သွက်သွက်လက်လက်နော် ၊ပြောရဲ‌ဆိုရဲ ရပ်ကွက်က
နင် မဆုံးရှုံးချင်ဘူးဆိုရင် အရင်လက်ဦးထားမှ ရမယ်"

"ငါဘာလုပ်ရမလဲဟင် ၊‌ကူစဉ်းစားပေးပါဦး"

"နင် ဒီတိုင်းပျော့ညံ့နေလို့တော့ မရတော့ဘူး၊နင် ဖွင့်ပြော
လိုက်တော့"

'နေညိုပြောပြတဲ့ထဲမှာ ဆရာမက နေညိုအကြောင်းကိုစုလဲ့ဟန်ကို
ပြောပြတယ် ဆိုတဲ့အချက်ရ သိပ်
မဆိုးနိုင်ဘူးထင်လို့ လေပြေ မြှောက်ပေးလိုက်သည်။
နေညိုက အဲတစ်ချက်ကို မစဉ်းစားမိဘူးနဲ့တူတယ်
တကယ့် ငအူလေး ' ဟု လေပြေ့ စိတ်ထဲ တွေးနေမိသည်။

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora