part~16

970 53 0
                                    


Unicode

"ပြန်ဖျက်ပေး ...."

"ပြန်ဖျက်ပေးမယ်နော် မ"

နေညို စလိုက်တာကြောင့် မ စိတ်ဆိုးသွားမှာလည်း
စိုးရသည်။နေညို စတာ မ မကြိုက်မှာ ပူပန်နေမိသည်။

"ဖျက်ဖျက် မြန်မြန်"

မ က ထိုသို့ ပြောပြီး မျက်နှာကို နေညို့ အရှေ့သို့ တိုး
ပေး၍ မျက်လုံးမှိတ်ချလိုက်သည်။မ က ဒီနေ့ ခလေးဆန်နေ သလား ဟု နေညို တွေးလိုက်မိသည်။

နေညို တစ်ရှူးယူ ၍ မရဲ့ နှုတ်ခမ်းပေါ် လက်လှမ်းလိုက်တော့
မရဲ့ မျက်နှာနဲ့က အတော်ပင်နီးနေသည်။နေညို ရင်ဘက်ထဲက အကောင်လေးက ခုန်တာ .....
ခုန်တာ ‌ေပါက်ထွက်တော့မယ့်အတိုင်း။ အနီးကပ်မြင်နေရတဲ့ မ ရဲ့ မျက်နှာလေးက လှလိုက်တာ ။လပြည့်ညတစ်ညရဲ့
လမင်းကြီးကို ငေးကြည့်နေရသလို။အေးမြပြီး နှစ်လိုဖွယ်ကောင်းနေသည်။

"အညိုရောင် ဖျက်လို့ ပြီးပြီလား"

မ မေးလိုက်သော စကားကြောင့် အငမ်းလွန်နေတဲ့
အရှိန်ကို ရပ်လိုက်ပြီး နှုတ်ခမ်းလေးပေါ်က ခရင််မ်လေး
ကို အလျင်စလို သုတ်လိုက်မိသည်။ ကိုးရီးယားဇာတ်လမ်း
တွဲထဲက လိုမျိုး သုတ်ပေးလိုက်ရရင်ဖြင့် ဟု တွေးလိုက်မိသေး
သည်။

"ပြီးပြီ မ"

နေညို ပြောတော့ မ က ကိုယ်ကို အနည်းငယ် ခွာလိုက်ပြီး

"အညိုရောင် ပြန်ရင် ပြန်တော့လေ ညနက်နေမယ်"

"ဟုတ် မ၊ဒါနဲ့လေ မကို မွေးနေ့ လက်ဆောင် ပေးရင်
မငြင်းပါနဲ့နော် မဟုတ်ရင် 'မ' ပေးတဲ့ လက်ဆောင်ဘူးလေး
ကို နေညို မယူတော့ဘူး"

နေညို ပြောတော့ မ က မျက်ခုံးတစ်ဖက်ကို လက်မဖြင့် ထိလိုက်၍

"အညိုရောင်က ဘာလက်ဆောင်ပေးမှာမို့လို့လဲ။
တန်ဖိုးကြီးတာမျိုးဆို မလိုချင်ဘူးကွယ်"

'မ'ပြောတော့ နေညို အပြေးအလွှား စဉ်းစားလိုက်ရသည်။
နောက်ဆုံးတော့ အကြံ တစ်ခုရသွားသောကြောင့်

"နေညို မ ပန်ဖို့ ‌နှင်းဆီ အဝါလေးလာပေးမယ်လေ၊နေ့တိုင်းနော်၊ကျောင်းတက်ရတဲ့နေတိုင်းအတွက်ပေါ့"

နေညိုမိုး(complete)Wo Geschichten leben. Entdecke jetzt