part~17

1K 61 0
                                    

Unicode

At 08:30a.m

"မ.."

နေညိုခေါ်တော့ 'မ'က အိမ်စာ စာအုပ်တွေကို အမှတ်ခြစ်နေရာမှ လှည့်ကြည့်လာ၍

"အင်း...အညိုရောင်"

ဒီနေ့က တနဂ်နွေနေ့ဖြစ်သောကြောင့် နေညို က
အရင်လို အိမ်မပြန်တော့ပဲ 'မ'ဆီမှာ နေခြင်းဖြစ်သည်။
'မ' ရဲ့ မွေးနေ့ပွဲ ပြီးကတည်းက နေညိုနဲ့ 'မ' ရဲ့ဆက်ဆံရေးက
အရင်ကထက် နှစ်ဆလောက်၊မဟုတ်ဘူး အများကြီး ရင်းနှီးလာခဲ့တယ်လေ။ပြီးတော့ လေပြေနဲ့ပါ 'မ' က
အတော် ရင်းနှီးနေပြီဖြစ်သည်။

"ခေါ်ပြီးရင် ပြောလေ အညိုရောင်"

"နေညို့ကို သီချင်းဆိုပြပါလား"

"အယ် 'မ'ကအဆိုတော်လား သီချင်းဆိုပြရအောင်က"

တွေ့လား 'မ' က နေညို့ကို လုံးဝ အလိုမလိုက်ပါ။ စိတ်ဆိုးပြလည်း အချိန်ကုန်တာပဲ့ အဖတ်တင် သည်။
ဒါ‌ေပမယ့် နေညိုကတော့ စိတ်မဆိုးရက်ပါ 'မ'
ကို စိတ်မဆိုးရက်တဲ့အထိ ချစ်မိသွားတာမလို့။ဘဝ ကတော့
မနက်ရောက်လာရင် 'မ' အတွက် ပန်းလေးလာပေးလိုက်
ညဘက်တွေဆို စာလေးလာဖတ်လိုက်နဲ့ ခေါက်ရိုးကျိုးနေပေမယ့် နေညို့အတွက်တော့ ပျော်ရွှင်စရာ
စာမျက်နှာတွေသာ ဖြစ်သည်။စိတ်တွေ ကြည်လင်နေတဲ့ နေ့တွေဆိုရင် 'မ' က သူ့အကြောင်းကို ပိစိလေးလောက်ပြောပြတတ်သေးသည်။

"နားထောင်ချင်လို့ကို"

"ဖုန်းလာယူလေ ကြိုက်တဲ့သီချင်း ရွေးပြီး နားထောင်လို့
ရသားကို"

"ဆိုပြ တာပဲ့ နားထောင် ချင်တာပါဆို"

'မ'က ဘောပင်အနီလေးကို လက်ထဲ ကိုင်ထားပြီး
နေညို့ဘက်သို့ မျက်နှာ လှည့်၍

"မဆိုးပါနဲ့လား အညိုရောင်..
တို့ မင်းကို အလိုမလိုက်တာ သိသားနဲ့"

"မ ကလည်း တစ်ခါတလေကို ဆိုပြပါနော်...နော်"

"........."

နေညို မျက်နှာလေးကို အစွမ်းကုန်ငယ်၍ပြောသော်လည်း
အရာမထင်ပါ။

"မ......"

"ဘာလဲကွာ စာသွားကျက်လေ ဂျစ်တိုက်မနေနဲ့"

နေညိုမိုး(complete)Место, где живут истории. Откройте их для себя