part-38

1.1K 66 2
                                    

Unicode

"အညိုရောင့်ကို ဒယ်ဒီတို့ လက်ဖျားနဲ့တောင်
ထိဖို့ စိတ်မကူးနဲ့"

"ဒါဆိုလည်း ဒယ်ဒီပြောသလို လက်ခံလိုက်ရင်
အားလုံးအတွက် အေးချမ်းပါတယ်"

ဒယ်ဒီက သမီးဘက်ကို တစ်ချက်လေးတောင်
မကြည့်ပေးတတ်တာပဲ။သမီးရဲ့ ခံစားချက်တွေ၊ပျော်ရွှင်မှုတွေကို ငွေတွေနဲ့ တိုင်းတာနေတာပဲ။

"သမီးအတွက် ဒယ်ဒီမှာ အချစ်ရောရှိရဲ့လား"

"ငါမွေးထားတဲ့ သားသမီးကို မချစ်ပဲနေမလား"

"ဒါဆို ဘာလို့ အတ္တကြီးနေရတာလဲ
ဒီတိုင်း သမီးကို လွတ်လပ်ခွင့်ပေးလိုက်ပါတော့လား
ဒယ်ဒီ့ဆီက ပိုင်ဆိုင်မှုတွေကို သမီးမမက်တာမို့ လွတ်လပ်ခွင့်
ပေးလိုက်ပါတော့လား ဒယ်ဒီ''

အခုလိုမျိုး စကားတွေ ဒယ်ဒီ့ကို တစ်ခါမှ မပြောဖူးပါ။
သွေးအေးအေးနေခဲ့တဲ့ သူမို့လို့ ထင်ပါတယ်။ဒါပေမယ့်
ခံစားချက်တွေ‌က သည်းခံနိုင်တဲ့ အတိုင်းတာထက် ကျော်လွန်သွားပြီ ဒယ်ဒီ။ ဒယ်ဒီ့ကောင်းကျိုးအတွက် မိုးကို
အသုံးချနေတာ သိပါတယ်။ဒါပေမယ့် မိုးကို နားမလည်ပေးနိုင်တဲ့အချက်က ဆိုးဝါးလွန်းတယ်။

"ပြန်ခံ ပြောတတ်နေပြီ ဟုတ်လား
အခြေမြစ်မရှိတဲ့ မိန်းမတစ်ယောက်ကြောင့်
ကိုယ့်အဖေကိုတောင် ‌ပြန်ခံပြောတတ်နေပြီပဲ
တောက်! အဲလို အဆင့်အတန်းမရှိတဲ့သူတွေနဲ့ ပက်သက်...."

"ဒယ်ဒီ!အညိုရောင့်ကို အဲလိုပြောစရာမလိုဘူး
လူကြီးလူကောင်းတစ်ယောက်ဆိုရင်ပေါ့''

ဒယ်ဒီ့မျက်နှာပေါ်တွင် ဒေါသစိတ်များထင်းနေအောင် ပေါ်လွင်နေသည်။

"စကားတွေ သိပ်တတ်နေတယ်ပေါ့
ဟုတ်လား ဖြန်း!!!"

ဒယ်ဒီရဲ့ ရိုက်ချက်ကြောင့် မိုးမျက်နှာကလေး နီရဲ သွားသည်။
ဒယ်ဒီက မိုးကို ရိုက်တယ်။မိုး ကြမ်းပြင်ပေါ်သို့ လဲကြသွားတာကြောင့် ထိုနေရာ၌ပင် ထိုင်လျက်သားဖြစ်ပြီး
နာသွားတဲ့ ပါးတစ်ဖက်ကို လက်ဖြင့် ကိုင်ထားကာ ဒယ်ဒီ့ကို
အံ့ဩလွန်းသောကြောင့် ကြည့်နေမိသည်။

နေညိုမိုး(complete)Onde histórias criam vida. Descubra agora