part-23

952 57 0
                                    

unicode

"နေညို ငါပြောစရာရှိလို့"

"ဘာလဲဟာ ဒီမှာ စာမရသေးပါဘူးဆို"

နေညိုတို့ နောက်ဆုံးစာမေးပွဲအတွက် စာကျက်နေခြင်းဖြစ်သည်။မနက်ဖြန်ဖြေရမယ့် ဘာသာက
ecoဖြစ်တဲ့အတွက်ကြောင့်  နေညို တက်နိုင်သမျှ ၂၀မှာတ်တန်တွေကို ကျက်နေသည်။ ထိုစဉ် လေပြေက ထိုသို့ လာပြောသဖြင့် နေညို ခပ်ဆတ်ဆတ် ဖြေလိုက်သည်။

"ငါက ရနေတာ ကြနေရောပဲ ပြောပုံက"

လေပြောက နေညို့ကို စိတ်‌ဆိုးစွာပြောသည်။

"အဲလိုမဟုတ်ပါဘူးဟာ မနက်အတွက် စိတ်ပူနေတာကြောင့်ပါ"

"ပူမနေနဲ့ မနက်ဖြန်ဆို အားလုံးပြီးပြီ"

လေပြေကတော့ ပေါ့ပါးနေရောပဲ့။နေညိုကသာ
တွေးပူနေရတာ။စာမေးပွဲ အောင်မှ ဖြစ်မှာမို့လို့ပါ။ 'မ'ရဲ့ အဖြေကိုလည်း နေညို သိချင်တယ်။နေညိုကိုယ်တိုင်ကလည်း
စာမေးပွဲကို တစ်ကြိမ်တည်းနဲ့ ပြီးသွားအောင်ပေါ့။နေညိုက ကျောင်းတက်ရမှာ ပျင်းတဲ့ သူမလား။

"ဘာပြောမှာလဲ"နေညိုမေးတော့

"ငါတို့ စာမေးပွဲပြီးရင် မောင်းမကန် ကမ်းခြေကို လိုက်ပို့ပေးမယ်တဲ့၊ငါ သန့်စင်ခန်းသွားတုန်း နားနေခန်းဘက်က ပြောသံ ကြားလိုက်တယ်"

"အဲတာများ အရေးကြီးခွင်ကျယ် လုပ်နေသေးတယ်"

သိပ်မထူးဆန်းတဲ့ ကိစ္စကို အကျယ်ချဲ့နေတဲ့ လေပြေ ကို
နေညို ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။

"ဖြန်း..."

"အား....နားလို့သေတော့မယ် "

နေညို့ကျောကုန်းကို ရိုက်ချတဲ့ လေပြေကို အသံအနည်းငယ် ကျယ်၍ အော်လိုက်သည်။

"နာပါစေ...တမင်ရိုက်လိုက်တာ အမြင်ကတ်လို့ကို
ငါပြောပြမယ် သေချာ နားထောင် မောင်းမကန်ကမ်းခြေမှာ တစ်ည အိပ်မှာတဲ့ ပြီးတော့ တောင်မိုးတောင်ကို ဆက်သွားမယ်တဲ့၊အဲတောင်ပေါ်မှာလည်း တစ်ညအိပ်မှာတဲ့
အရူးရဲ့"

တောင်မိုးတောင် ဆိုလို့ နေညို စိတ်ဝင်စားသွားသည်။
ထိုတောင်က တောင်ထိပ်ပေါ်မှာမှ ဘုရားစေတီတည်ထားသည်။
ပြီးတော့ ခြေဖြင့်သာ သွား၍ ရသည်။ ‌ထိုတောင်ပေါ်က ကြည့်ရင် ထားဝယ် တစ်မြို့လုံးကို ခြုံပြီး မြင်ရသည်။ပြီးတော့ ကမ်းခြေတွေကိုရော မြင်ရသည်။ မနက်နေထွက်ချိန်တွေဆို အရမ်းလှသည်။ လေလေးတစ်ဖြူးဖြူးနဲ့ အေးစိမ့်နေတတ်သည်။ပြီးတော့ တိမ်ပင်လယ်လိုမျိုးလည်း ကြည့်လို့ရသည်။

နေညိုမိုး(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ