part~37

1K 59 2
                                    

Unicode

အရေးပေါ် အခန်း၏ အရှေ့တွင် ခေါတ်တုန့် ခေါက်ပြန်
လျှောက်နေသည်မှာ မိုးရနံ့ပင် ဖြစ်သည်။

မိုး ရတဲ့ ဘုရားစာများကို ရွတ်၍အကြိမ်ကြိမ်ဆုတောင်းမိနေသည်။စိတ် လှုပ်ရှားနေသဖြင့် ထိုင်နေရန်လည်း အဆင်မပြေပါ။
ဆေးရုံ ရောက်လာပြီပဲ ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူးလို့
ကိုယ့်ကိုကိုယ် နှစ်သိမ့်နေရသည်မှာ အကြိမ်ကြိမ်ပင် ရှိပြီ။

"မမ ဒီမှာ လာထိုင်ပါလား၊နေညို ဘာမှ ဖြစ်မှာမဟုတ်ဘူး"

‌ဝေဝေမိုးက ခုံတစ်ခုပေါ်မှ ထိုင်နေရင်း ပြောသည်။
ဘာမှ မပြောချင်သောကြောင့် ဝေဝေမိုးပြောတဲ့ အတိုင်း
ထိုင်လိုက်သည်။ခဏကြာတော့ အရေးပေါ်အခန်းတံခါးပွင့်လာ၍ အမြန်ထ၍ ဒေါက်တာဆီကို
ဦးတည်လိုက်သည်။

"ဒေါက်တာ လူနာ အချိန်အနေ အဆင်ပြေတယ်မလားဟင်"

"စိတ်ချရပါပြီ၊ခဏနေ အခန်းထဲသို့ ရွှေ့ပေးလိမ့်မယ်၊
ဒါနဲ့ လူနာရှင်က "

ဒေါက်တာက မိုးရယ် မေဇော်နဲ့ ဝေဝေမိုးတို့ကို ကြည့်၍
မေးသည်။

"ကျွန်မ ပါ ဒေါက်တာ "

မိုး အလျှင်အမြန်ပဲ့ ဖြေလိုက်မိသည်။

"ကျွန်တော့် ရုံးခန်းကို ခဏလောက် လိုက်ခဲ့ပါ"

"ဟုတ်ကဲ့ ဒေါက်တာ"

ထိုသို့ပြောပြီးနောက် ဒေါက်တာအနောက်က
လိုက်လာခဲ့သည်။စိတ်ထဲမှာတော့ စိုးရိမ်ရလွန်းလို့
သေမတက်ပဲ့။

"ထိုင်ပါ "

ဒေါက်တာက ကုတ်အဖြူရောင်ကို ချိတ်၌ ချိတ်၍ ပြောသည်။
‌မိုးလည်း ဒေါက်တာ ‌ညွှန်ပြတဲ့ ခုံပေါ်၌ ထိုင်လိုက်ပြီး ဒေါက်တာပြောမည့် စကားများကို နားစွင့်နေမိသည်။

"လူနာက နံရိုးတစ်ချောင်းကျိုးသွားတယ်
ဦးခေါင်းပိုင်းလည်း အနည်းငယ် ထိခိုက်မိသေးတယ်
နောက်တစ်ခါ အလားတူ မဖြစ်ဖို့ သတိထားပေးပါ"

"ဟုတ်ကဲ့ ဒေါက်တာ၊တစ်ခြား စိတ်ပူစရာများရှိသေးလားဟင်"

"မရှိတော့ပါဘူး၊စိတ်ချရတဲ့ အချိန်အနေရောက်ပါပြီ
ဒါပေမယ့် လူနာက စိတ်ဖိအားတွေ အရမ်းများနေတယ်
အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားပေးပါ ၊ကျန်တာတော့ ဘာမှ မဖြစ်ပါဘူး ။မေ့ဆေး အရှိန်ကြောင့် သတိမရသေးတာပါ တစ်ရက်လောက်နေရင် သတိပြန်ရလာလိမ့်ပါမယ်"

နေညိုမိုး(complete)Where stories live. Discover now