part~41

1.7K 66 9
                                        

Unicode

သိချင်စိတ်ကလေးဖြင့် တံခါးဖွင့်လိုက်တော့ မြင်ရတဲ့ သူကြောင့် သက်ပြင်းလေးသာ ချလိုက်မိသည်။

"မိုး ထမင်းစားလို့ရပြီ"

"ကိုနေ ဘာကိစ္စ ရှိလို့လဲ၊ဒီအချိန်ကြီး"

"ကြီးကြီးလှ ထမင်း အဆင်သင့်ပြင်ထားတယ် မိုး
တစ်ခါတည်း စားလိုက်နော်"

မေးနေတာကို မဖြေပဲ သူပြောချင်တာတွေသာ ပြောနေတာ
မုန်းဖို့ ကောင်းတယ်။

"ဒယ်ဒီ အိမ်မှာမရှိဘူး၊ဒယ်ဒီ့ဆီ လာတယ် ဆိုရင် ပြန်တော့
ဒီအိမ်မှာ ရှင့်ကို ဧည့်ခံဖို့ လူမရှိဘူး "

"ဘာလို့ သူစိမ်းဆန်နေတာလဲ မိုးရယ်၊
မနက်ဖြန်ပဲ မဂ်လာဆောင်တော့မယ်ဟာကို"

"......"

"ထမင်းတော့ စားလိုက်ပါ၊မဟုတ်ရင် နေမကောင်း ဖြစ်နေမယ်"

"ငါ့ ပါးစပ်နဲ့ငါ၊စားချင် စားမယ်၊မစားချင်ရင် မစားဘူး
နင်ပြောနေစရာ မလိုဘူး"

မိုးပြောလိုက်သော စကားကြောင့် ကိုနေက ဒေါသ ထွက်သွားပုံရတယ်။မိုး ကို ကြည့်တဲ့ အကြည့်တွေက
ဒေါသတွေ အပြည့်ဖြင့် စိုက်ကြည့်နေသည်။

"ငါ့ကို စိတ်တို‌လာအောင် မလုပ်ပါနဲ့ မိုးရယ်
ထမင်းမစားချင်ရင် တစ်ခုခုတော့ စားလိုက်ပါကွာ"

"ကိုနေပြန်တော့ ၊ဒီအိမ်မှာ ကိုနေ့ကို ဧည့်ခံဖို့ ဒယ်ဒီက လွဲပြီး
ကျန်တဲ့သူမရှိဘူး"

ပုခုံးလေးကို ကိုင်၍ ပြောနေသော ကိုနေ့ကို
အားမနာတမ်း ပြောလိုက်သည်။

"ဘာလို့ ခါးသီးနေရ....."

ကိုနေက ပြောလက်စ စကားကို ဆုံးအောင် မပြောပဲ ကုတင်‌ေပါ်၌ တင်ထားသော အိတ်ကို မြင်သွားဟန်တူသည်။
တံခါးကို မြန်မြန် ပိတ်ဖို့ ကြိုးစားလိုက်ပေမယ့် မအောင်မြင်ပါ။
တံခါးကို အတင်း ဖွင့်၍ ကုတင်းနားသို့ သွားပြီး အိတ်ကို ယူ
လိုက်သည်။

"နင် ငါ့အခန်းထဲကို ဘာလို့ ဝင်လာတာလဲ
ပြန်ပေး..ပြန်ပေး"

ကိုနေက အရပ်ရှည်တာကြောင့် အိတ်ကို ယူဖို့မမှီပါ။လက်လှမ်းလိုက်တိုင်း အိတ်ကိုင်ထားသော လက်ကို
အပေါ်သို့ မြှောက်ထားသည်။
ခြေဖဝါးတွေ ထောက်ပြီး အစွမ်းကုန် ယူဖို့ကြိုးစားပေမယ့် မရပါ။ ကိုနေက အိတ်ကို ဖွင့်၍ ကြည့်ပြီးနောက်

နေညိုမိုး(complete)Место, где живут истории. Откройте их для себя