part~8

1K 61 8
                                    

unicode

"နေညို ကူ‌ညီပေးပါဟာ နော်..နော်"

ဒီနေ့က ကျောင်းပိတ်တဲ့နေ့ ဖြစ်သောကြောင့်
နေညို အိမ်မှာ ‌ပုံဆွဲမလို့ကို၊ လေပြေက သူ့ကောင်လေး
ဘောလုံးကန်မှာ သွားကြည့်ရန်အတွက် နေညို့ကို
အပူကပ်နေခြင်းဖြစ်သည်။

"ငါမှ မသွားချင်တာ လူက များက များပါဘိ"

နေညို တကယ်မလိုက်ချင်ပါ။ လူများတာကို နေညိုကမနေတတ်သောကြောင့်ဖြစ်သည်။
လေပြေကတော့ ကောင်လေးနဲ့ တွေ့ရဖို့အရေး
ဒိုးအရေး ဟု ခံယူထားလားတော့မသိ။

"လုပ်ပါဟာ ကူညီပါနော်၊ငါ့မှာ နင်ပဲ့ရှိတာကို"

မျက်နှာ ငယ်လေးနဲ့ တောင်းဆိုနေသော လေပြေပင်။

"ဘာသွားလုပ်မှာလည်းဟာ ကျောင်းမှာလည်း
မြင်တွေ့နေရတာကို"

နေညိုပြောတော့ မကျေနပ်သော အကြည့်လေးနဲ့
ကြည့်နေသည်။

"ကျောင်းမှာက အခန်းမှ မတူတာ
ကိုကိုက bioလေဟာ၊သိသားနဲ့"

ကိုကိုတဲ့ အဲဒါကြောင့် အမြင်ကတ်တာ။အတွဲတွေဆို ကောင်းကို
မကောင်းတာ။ဟုတ်တော့လည်းဟုတ်ပါသည်လေ လေပြေက အစက ဒီလိုမျိုးကိစ္စတွေနဲ့ပက်သက်လာရင် နေညိုနဲ့မသွား
တတ်ဘူး။နိုနိုနဲ့ သွားနေတော့ အခု နိုနိုလည်းမရှိတော့
နေညို့ဘက် လှည့်ရုံပေါ့။

"လိုပ်ခဲ့ပါဟာ....နော်...နော်"

"........"

"လိုက်ခဲ့ပါနော် ဆရာမ တို့လည်းလာမှာတဲ့"

ကျောင်းအားကစားပွဲပါဆို ဆရာမတွေ လာမှာကို အထူးအဆန်းလုပ်နေသေးတယ်။တကယ့် မနိုင်စိန်။

"ဟူး.....ပြီးရောဟာ လိုက်ခဲ့မယ်"

"အဟီး .....အဲဒါကြောင့် ချစ်နေရတာ"

လိုတာရသွားတော့မျက်နှာက မျောက်အုန်းသီးရထားတဲ့
ရုပ်နဲ့ စပ်ဖြီးြဖီး ရယ်ပြနေသည်။တတ်လည်းတတ်နိုင်တဲ့
လေပြေပင်။
နေညို‌တို့ အားကစားပွဲသို့ ဆိုင်ကယ်ဖြင့်လာခဲ့ကြသည်။
လမ်းတစ်လျှောက် သူကောင်လေးက ဘယ်လောက်ချောကြောင်း၊ အရပ်ရှည်ကြောင်း၊ သဘော
ကောင်းကြောင်း စတဲ့ ချီ မွန်းခန်းတရားတော်များလည်း
နာရသေးသည်။

နေညိုမိုး(complete)Hikayelerin yaşadığı yer. Şimdi keşfedin