part~26

979 61 2
                                    

Unicode

"မ ရော ဘယ်လို အရောင်မျိုးသဘောကျလဲ"

"အညိုရောင်ကို သဘောကျတယ်လေကွယ်"

"ဟုတ် ကောင်းကင် အညိုရောင်ကို သဘောကျတာပေါ့"

နေညိုပြောတော့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ရယ်နေသည်။ နေညိုပြောတာ ဘာရယ်စရာများပါလို့လဲ။
ဟင် ...မက အညိုရောင်ကို သဘောကျတယ် ဆိုတော့ ငါ့ကို
အဖြေပေးလိုက်တာလား။ နေညို့ ရင်တွေ ခုန်လာသည်မှာ
မြန်ဆန်လွန်းလှသည်။

"မ နေညိုကို အဖြေပေးလိုက်တာလား"

မ က နေညို့ကို ဘာမှာ ပြန်မပြောဘဲ နေညို့ မျက်ခုံးလေးတွေကို လက်မ လေးတွေဖြင့် ပွတ်သတ်နေသည်။

"အဲလိုလဲ သတ်မှတ်လို့ ရတာပဲကွယ်"

"ဟင် ဘယ်လိုမျိုးကြီးလဲ ၊နေညိူ့ကို သေချာပြောပါမရဲ့
ချစ်လားဟင် နေညို့ကို ချစ်တယ်လို့ ပြောချင်တာလား၊ နေညို ဉာဏ်နည်းတာ သိသားနဲ့"

နေညို ပြောနေတာကို မ က နေညိုကို သေချာ စိုက်ကြည့်နေသည်။

မ အကြည့်တွေ၊ နေညို့ကို ရုန်းမထွက်‌နိုင်အောင် ဆွဲဆောင်နေပြန်သည်။ ပြီးတော့ နှင်းတွေ ဖုံးထားတဲ့ မျက်ဝန်းတွေ၊ အဲ လို မကြည့်ပါနဲ့လား။ နေညို့ ရင်ခုန်ရလွန်းလို့
နှလုံးသားတွေ ပေါက်ထွက်မတက်ပဲ့ မရယ်။

"သဘောကျတယ်၊ အင်း အညိုရောင်ကို သဘောကျတယ်"

"ဟာ ချစ်လားလို့ မေးတာကို၊ ချစ်တယ်လို့ ပြောပါလား"

အခုတစ်ခါလည်း ရယ်နေပြန်သည်။

"အညိုရောင်"

"ဟင်"

"သဘောကျတယ်ဆိုတဲ့ ရပ်ဝန်းလေးကလေ၊ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်က ရပ်ဝန်းတွေထက် ပိုအေးချမ်းတယ်
သိရဲ့လား"

ဟာ ....နေညို စိတ်ညစ်လာပြီ။သဘောကျတယ်ဆိုမှတော့ ချစ်လို့ပေါ့ မရယ်။ဘာတွေများ အကြောင်းပြချက်တွေ ပေးရဦးမှာလဲ။

"ချစ်တယ် လို့ ပြောပါလား၊နေညို အဲတာပဲ ကြားချင်တယ်"

"......"

မ က ဘာမှ ပြန်မပြောပဲ နေညို့မျက်ဝန်းတွေကို စိုက်ကြည့်နေပြန်သည်။ပြီးနောက် မ ရဲ့ လက်သွယ်သွယ်လေးတွေက နေညို့ မေးရိုးအနားသို့ ရောက်လာပြီး နေညို့ နှုတ်ခမ်းလေးကို စိတ်ရှိတိုင်း ဆော့ ကစားနေသည်။ နေညို ကို မ က နမ်းတယ်။သိပ်လှပတဲ့ နှင်းဆီတစ်ပွင့်ကို တစ်လွှာချင်း နမ်းရှိုက်နေသလိုမျိုး မရဲ့ အနမ်းတွေက နေညို ရုန်းထွက်ဖို့ ခက်ခဲလွန်းတယ်။

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora