part~33

986 63 0
                                    

Unicode

မ ပြောသော စကားကို နားထောင်သောအားဖြင့်
အဆောင်ပေါ်သို့ တက်လာခဲ့သည်။ နားမထောင်လို့လည်း
မရဘူး 'မ'က သူ့စကားနားမထောင်ရင် စိတ်ဆိုးတတ်တယ်။
ကိုနေမျိုးထက်ကို အမြင်ကတ်နှုန်းကတော့ တော်တော်မြင့်နေပြီ။
'မ'ကို ကြည့်တဲ့ အကြည့်တွေက အရောင်တွေပါနေမှန်း
နေညို ကောင်းကောင်းသိတယ်။

လွယ်အိတ်လေးကို ခုံပေါ်သို့ ပစ်တင်၍ 'မ'အတွက် ထမင်းပွဲလေး အဆင်သင့်ပြင်ထားပေးသည်။အားလုံးပြီးသွားတော့ ဖတ်လက်စ စာအုပ်လေးကို
ဖတ်ရင်း 'မ'ကို စောင့်နေလိုက်သည်။

''မောင် ထမင်းစားတော့လေ၊'မ'ကိုစောင့်မနေနဲ့
ရေချိုးဦးမှာဆိုတော့ သေချာပေါက်ကြာဦးမှာ"

မ က ဆံထုံးလေးကို ဖြည်၍ ရေချိုးရန်အတွက်
အဝတ်အစားထုတ်နေရင်းပြောသည်။နေညို့ကိုတော့
တစ်ချက်သာကြည့်သည်။

"အင်း "

နေညို ခေါင်းညိတ်လိုက်တော့ ရေချိုးခန်းထဲသို့ ဝင်သွားသည်။
နေညို ထမင်းမစားပဲ စာအုပ်သာ ဆက်ဖတ်နေလိုက်သည်။
စာအုပ်က ဖတ်နေတယ် လို့ပြောရအောင်လည်း နေညိုစိတ်က စာအုပ်ထဲတွင်မရှိပါ။ စိတ်တိုနေတာကြောင့် ဒေါသမထွက်မိအောင် စိတ်ထိန်းနေရသည်။ခဏ ကြာတော့
ရေချိုးခန်းထဲက ထွက်လာသည်။နေညို့မြင်ကွင်းထဲသို့ပေါ်လာတာက ခြေသလုံးဖြူဖြူလေး၊
ဆပ်ပြာရည်အနံ့သင်းသင်းလေး။

"မောင် ထမင်းစားပြီးပြီလား၊ဟင် ဟင်းတွေက
နေရာတောင်မရွေ့ဘူး၊၊"

"အင်း..."

နေညို ဖြေတော့ 'မ' က ခြေလှမ်းလေးကို ဖွဖွလေးလှမ်းလာ၍ နေညို့ဘေးနားသို့ ရောက်လာသည်။‌ပြီးတော့ ရေစက်လေးတွေ တွဲလဲခိုနေသော လက်ကလေးဖြင့် နေညို့မျက်နှာကို ထိထားသည်။
နေညိုမော့မကြည့်ပေမယ့် သေချာပေါက် 'မ'စိုက်ကြည့်နေလိမ့်မယ်။နေညို့ လက်ထဲက စာအုပ်ကို ဖြတ်ခနဲ ဆွဲယူကာ

"ဘာဖြစ်ပြန်ပြီလဲကွယ် ဟင်၊စိတ်ကောက်နေတာလား"

"မကောက်ဘူး"

နေညို နှုတ်ခမ်းလေးကို 'မ'က နမ်းလိုက်သည်။နေညို့ ရုတ်တရက်မို့ ကြောင်သွားတာတော့အမှန်ပါ။နှလုံးသားလေးကလည်း ခုန်မြန်နေတာ ပေါက်ထွက်ရုံမတတ်။
နီးနီးကပ်ကပ်မြင်‌ေနရတဲ့ ရေစက်လေးတွေနဲ့ မရဲ့ မျက်နှာလေး။သိပ်လှတယ် မျက်တောင်ရှည်ရှည်လေးက နေညို့ကို ကျရှုံးသွားအောင် သွေးဆောင်နေသည်မှာ ဦးညွတ်ချင်စရာပဲ့ မရယ်။

နေညိုမိုး(complete)Onde histórias criam vida. Descubra agora