part-43(the end)

2.3K 93 9
                                    

Unicode

"အဲကလေးမလေး......."

"ဧည့်တွေ့ချိန် ပြည့်ပြီ..."

ဒယ့်ဒီ၏ စကားမဆုံးခင် ထောင်မှူးက ပြောလိုက်သည်။
အစောင့် တပ်သား နှစ်ယောက်က ဒယ်ဒီ့ကို လာခေါ်သွားကြသဖြင့် မိုးလည်း ထွက်လာခဲ့လိုက်သည်။

စိတ်ထဲမှာတော့ မောင်နဲ့ပက်သက်ပြီးဒယ်ဒီပြောမယ့်စကားတွေကို
သိချင်မိသား။

အိမ်ပြန်ရောက်ပြီးနောက် ဆိုင်သို့ လာခဲ့လိုက်သည်။
နားနေခန်း၌ ခဏ နား၍ ဝေဝေ ဆီကို လာခဲ့သည်။

"မမ ...."

ဝေဝေက ပြုံး၍ ခေါ်သည်။

"အဆင်ပြေတယ်မလား‌ "

"ပြေပါတယ် မမရဲ့၊ဧည့်သည်တွေတော့ နည်းနည်းများတော့
အလုပ်နည်းနည်းရှုပ်တယ် မမရဲ့"

ဒီနေ့ ဧည့်သည်တွေက တော်တော် များသည်။လစ်လပ်နေတဲ့ စားပွဲပင် မရှိလောက်အောင်ပင်ဖြစ်သည်။

"ဒါနဲ့ မမ ၊ဖေဖေ နေကောင်းရဲ့လား
နေရတာ အဆင်ပြေရဲ့လားဟင်"

"အဆင်ပြေပါတယ်၊နေလည်းကောင်းပါတယ်"

ဒယ်ဒီ့ နဲ့ ပြောခဲ့တာတွေကိုတော့ မပြောပဲ ချန်ထားလိုက်သည်။
ပြောပြလို့လည်း စိတ်ချမ်းသာစရာ တစ်ခုမှ မရှိပဲရယ်။

"ဟုတ် မမ"

"အပြင်ခဏ သွားဦးမယ် ဝေဝေ"

"ဟင် ဘယ်သွားမလို့ "

"အရှေ့နား ခဏပါ"

"ဟုတ်ကဲ့"

ထိုသို့ ပြောပြီးနောက် ဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
အပြင်ရောက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ဖြစ်သည်။တိမ်တွေ မျောလွင့်နေပုံမှာ
သိပ်လှသည်။ လမ်းတစ်ဖက်က သစ်ပင်ကြီးတောင်
သစ်ရွက်လေးတွေ အဝါရောင်ပြောင်းနေပြီ။

ဟိုဟိုဒီဒီ ငေးကြည့်ရင်း ရင်ထဲ လှိုက်ဖိုလာ၍ မျက်ရည်များဝဲလာသည်။

မောင်သာရှိနေရင် အပြာရောင်ကောင်းကြီးလို မရဲ့ဘဝက
အရိပ်မည်းတွေကင်းစင်ပြီး ကြည်လင်လှပနေမှာ သေချာတယ်။
အခုတော့၊အခုတော့ မောင်ရယ်...တိမ်မည်းတွေ ကင်းစင်နေပေမယ့် မရဲ့ဘတက ကြည်လင်မနေဘူးကွယ်။

နေညိုမိုး(complete)Where stories live. Discover now