part-22

939 53 0
                                    

unicode
"မ..."

"ဟင် ပြောလေ အညိုရောင်"

"‌နေညို မကို ချစ်တယ်"

"....."

မ က ဘာမှ မတုန့်ပြန်ပါ။ဟိုလူကို စိတ်တိုပြီးသာ ပြောလိုက်ရတာ နှလုံးကတော့ အမြန်နှုန်းနဲ့ ခုန်နေလို့
'မ'ကြားသွားမလား လို့တောင် စိတ်ပူနေရသည်။

"မ ကို နေညို အခွင့်ရေးယူတာမဟုတ်ပါဘူး၊ပြီးတော့ ကိုယ့်ဆရာမ ကို မလေးစားလို့လည်းမဟုတ်ပါဘူး
နေညို ထပ်ပြီးသည်းမခံနိုင်တော့လို့ပါ၊နေညိုက
မ ကို ချစ်သူတစ်ယောက်လိုမျိုးမေတ္တာရှိနေကြောင်း၊ ပြောပြချင်တာ တစ်ခုတည်းပါ။ နေညိုရဲ့ လုပ်ရပ်ကို 'မ'ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်"

နေညိုက မရဲ့အချစ်ကို ပြန်ရ ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့
မချစ်ခဲ့တော့ အခုချိန်မှာ မရဲ့ တုန့်ပြန်မှုတိုင်းကို နေညို လေ့စားပါတယ်။ပြီးတော့ စောစောက အခြေနေမျိုးတွေ မြင်ရရင်လည်း ဆုံးရှုံးသွားရမှာ ကြောက်တယ်။နေညိုလည်း
အချစ်ကို ပိုင်ဆိုင်ချင်တဲ့ အတ္တကြီးတဲ့ အချစ်ရူးလေးပါ။
ဒါပေမယ့် နေညို့ကို အတင်းပြန်ချစ်ရမယ်လို့ မဆိုလိုပါဘူး။

"အညိုရောင်က 'မ'အကြောင်းသေချာသိလို့လား"

'မ' က ပတ်ဝန်းကျင်က သွားလာ လှုပ်ရှားနေသူများကို
ကြည့်၍ မေးလာသည်။

"နေညို မသိပါဘူး၊'မ'ရဲ့ အတိတ်၊အနာဂါတ်၊ယခုလက်ရှိ
အနေထားရောပေါ့ နေညိုမသိပါဘူး"နေညိုပြောတော့

'မ' က နှုတ်ခမ်းလေးကွေးရုံမျှပြုံလိုက်သည်။

"ဒါဆို ဘာကြောင့်ချစ်တာလဲ အညိုရောင်"

"အချစ်မှာ အကြောင်းပြချက်ရှိမှ ချစ်လို့ ရတာလား'မ' ၊
မ ပြန်ချစ်ရမယ်လို့ နေညို မဆိုလိုပါဘူး၊နေညို ချစ်နေတာကို
'မ' သိထားတယ်ဆိုရင်ပဲ့ လုံလောက်နေပါပြီ၊'မ' စိတ်ဆိုးမယ်ဆိုလည်း နေညိုခံပါ့မယ်၊နေညို့လို မိန်းကလေး တစ်ယောက်က 'မ' လို မိန်းကလေးတစ်ကို
ချစ်တယ်ဆိုတော့ အထင်သေးစရာတော့ ဖြစ်နေမှာပေါ့"

နေညိုပြောတော့ မ က နေညို့ဘက်သို့ လှည့်ကြည့်လာပြီး

"တို့ အချစ်ကို အထင်မသေးတတ်ဘူး အညိုရောင်၊
ရွှေရည်စိမ် မေတ္တာမျိုးဖြစ်နေမှာကိုပဲ့ ကြောက်တာ"

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora