part~24

964 59 0
                                    

Unicode

At 06:30a.m

"လူစုံပြီလား အားလုံး"

နေညိုတို့ စီးရမည့်ကား ကို တာဝန်ယူရတဲ့ ဆရာ က
ပြောလိုက်ခြင်းဖြစ်သည်။‌ေနညိုတို့ ကားပေါ်၌ ဆရာ၊ဆရာမ ၄ယောက်ပါသည်။နေညို တို့ တောင်ပေါ်သို့ အရင်ဆုံးသွားပြီးမှ ကမ်းခြေဆက်သွားမည်ဟု အစီစဉ်ပြောင်းလိုက်ကြသည်။ကမ်းခြေတွင် တစ်ည အိပ်ရန်
ဆရာကြီးက ပြောလိုက်သည်။

"နေညို မျက်နှာကြီး စူပုပ်မနေနဲ့ဟာ"

နေညို ညကတည်းက လေပြေကို မကြေနပ်တာကြောင့်
စိတ်ဆိုးနေသည်။လေပြေ့ကျေးဇူးကြောင့် တစ်ညလုံး
'မ' က နေညို့ ကို စကားမပြောပါ။

"နင် စည်သူခန့်နဲ့ သွားမထိုင်ဘူးလား"

နေညို အမြင်ကပ်တာကြောင့် ထိုသို့မေးလိုက်သည်။

"ထိုင်စရာလား ငါ့ အချစ်လေးအနားမှာ နေချင်လို့လေ"

"အပိုတွေ ပြောမနေပါနဲ့ ညတုန်းက အဲလောက်သိတတ်ရင်
'မ' စိတ်ဆိုးသွားစရာ အကြောင်းမရှိဘူး"

"နင်ကလည်းဟာ ငါ ပြောသားပဲ့ ၊နင်ထွက်သွားတာ မသိလိုက်ဘူးလို့"

"နင်ပြောတော့လည်း ယုံရမှာပေါ့"

"ယုံလိုက်ပါနော် ၊ငါ တကယ် မသိလို့ပါ၊အဲကောင် ရှိန်းထက်အောင် ကလေ တကယ့် ဇွတ်ဟာ ...."

"....."

"ဒါနဲ့ နင့်ရဲ့ ရေခဲ တုံးက အမြဲတမ်းကောက်နေတာနော်
ချစ်သူတွေ မဖြစ်သေးလို့သာ မဟုတ်ရင်
နင်တော့ မယက ကြီးဖြစ်နေမှာ ဟားဟား"

လေပြေက ထိုသို့ပြောပြီး အော်ရယ်နေသေးသည်။
ဟုတ်တော့လည်း ဟုတ်သား။မ က နေညို ဘယ်လောက်ရှင်းပြ ရှင်းပြ ဘာစကားမှကို မပြောတာ။ည ဆယ့်တစ်နာရီသာ ထိုးသွားတယ် နေညို့ကို စကား တစ်လုံးမှ မပြောပါ။

"ရယ်မနေနဲ့ ငါ စိတ်ညစ်နေတာနော်"

"စိတ်မညစ်နဲ့ လေပြေ့ကိုသာ အားကိုးလိုက်
အဆင်ပြေအောင် ကယ်တင်ပေးမယ်"

လေပြေ့ စကားကို နေညို ဘာမှ ပြန်မပြောမိပါ။ဆိုးတာက
'မ' က နေညို တို့ ထိုင်တဲ့ အတန်းရှေ့က ခုံမှာ ကျောင်းသူတစ်ယောက်နဲ့ ထိုင်နေတာလေ။ပြီးတော့ ပြုံးရယ် နေတာများ အမြင်ကပ်စရာ။

နေညိုမိုး(complete)Where stories live. Discover now