part~7

1K 59 1
                                    

unicode

ဒီနေ့ နေညို ကျောင်းသို့ စောစောလာဖြစ်သည်။
နေညို့ရဲ့ နတ်သမီးလေးကို တွေ့လို တွေ့ငြားပေါ့။
ညကလည်း တော်တော်နှင့် အိပ်မပျော်သောကြောင့်
ညနက်မှ အိပ်ခဲ့ရသည်။ ကျောင်းတက်ရတာ ပျင်းတယ်
ဆိုတဲ့ နေညိုက ယနေ့ စ၍ကျောင်းတက်ရတာ ပျော်စရာ
ကောင်း‌တယ်လို့ပြောရင်တော့ ရယ်စရာ ဖြစ်နေမည်မှာ သေချာသည်။နေညို ကျောင်းကို စောစော ရောက်သောကြောင့်
သန့်ရှင်းရေးလုပ်ပြီး ပုံထိုင်ဆွဲနေသည်။ ထိုပုံများဟာ
သေချာပေါက် နေညိုရဲ့ နတ်သမီးလေး ပုံတွေပေါ့။ နေညိုက
စာမျက်နှာ တစ်ဖက်မှာ ပုံလေးဆွဲပြီး ကျန်တစ်မျက်နှာမှာတော့
စာလေးတွေရေးထားသည်။

"ဟေ့ စောလှချည်လား ၊ နေတောင် အရှေ့က ဝင်တော့မယ်"

နေညို လေပြေရောက်လာသောကြောင့် နေညိုရဲ့ ပန်းချီစာအုပ်လေးကို ကပြာကယာပိတ်လိုက်ရသည်။

"လန့်လိုက်တာဟာ၊ တိုးတိုးပြောလည်းရတာကို"

နေညိုပြောလိုက်တော့  နေညို့ရဲ့ လက်ကို ရိုက်ချသည်။

"အပိုတွေ ပြောမနေနဲ့၊ ဘာလို့ အစောကြီးရောက်နေတာလဲ
ဆိုတာပြော"

"ဒီလိုဟာ.~~~~~~~~~~~~~~~~~~~~~~~~~~~~၊
အဲဒါပဲ့"

နေညို မနေ့ညနေက အကြောင်းတွေကို အကုန်ပြောပြ
လိုက်သည်။

"ဆိုတော့ မိနေညိုက ကမ္ဘာကြီး အကြောင်း စိတ်ဝင်
စားနေပြီဆိုပါတော့၊ဒါနဲ့ အဲဆရာမ နာမည် ဘယ်လိုခေါ်လဲ"

အဲဒါမှသေရော နေညို မမေးလိုက်မိဘူးရော။

"မသိဘူး ငါမမေးလိုက်ရဘူး"

"ဟား..ဟား သေလိုက်နင် အဲမှာ"

အာပြဲကြီးနဲ့ ရယ်၍ပြောနေသောလေပြေကြောင့် နေညို
ရှက်လာသည်။ နေညိုကလည်း နေညိုပါလေ အဲလောက်တုံးတာကိုး။

ခနာကြာတော့ နိုရာကို လာပြီဖြစ်၍ လေပြေက နေညို့ အကြောင်း
ကို အကုန်ပြောပြနေသည်။နေညိုကတော့
သီချင်းလေးပဲ့ထိုင်ညည်းနေသသည်။

ကျောင်းတက်ပြီးသောကြောင့် နေညို့တို့ ပထမအချိန်သင်ပြီး
ဒုတိယ အချိန်က မြန်မာစာ အချိန်ဖြစ်သည်။
နေညိုတို့သုံးယောက် ပြောစရာမကုန်နိုင်သော အကြောင်းရာကို ပြောနေစဉ် မြန်မာစာ ဆရာမဝင်လာသောကြောင့်
မတ်တပ်ရပ်နှုတ်ဆက်ဖို့ ပြင်လိုက်စဉ် အတန့်းရှေ့က နေညို့ရဲ့
နတ်သမီးလေး။ပါးကွက်လေးကို ပါးပါးလေးကွက်ကာ
နှုတ်ခမ်းကို အနီရောင်ဖျော့ဖျော့လေး‌ဆိုးထားသည်။
ပြီးတော့ အကျီဖြူ လက်ရှည်လေးအောက်က နာရီ အမည်း
ရောင်လေးပတ်ထားသည်။မျက်ဝန်းနက်နက်လေးနှင့် ဆံထုံး
လေးကို သေသေသပ်သပ်ထုံးထားသည်။

နေညိုမိုး(complete)Where stories live. Discover now