unicode
At09:00p.m
"အညိုရောင် ဆေးသောက်ရအောင်နော်"
ဆေးဆို အသေကြောက်တဲ့ နေညို့အတွက်တော့
ဒီအချိန်က အခက်ခဲဆုံး ဖြစ်မည် ထင်သည်။
နေညိုက ဆေးထိုးရင်ရပေမယ့် သောက်ဆေးဆို အင်မတန် ကြောက်ပါသည်။ဒါကို 'မ'က မသိဘူးထင်သည် နေညို့ကို
ပြုံးပြ၍ လက်ထဲတွင် ဆေးလုံးအနည်းငယ်ပါသော
ပန်းကန်လုံး တစ်ခုနှင့် ရေတစ်ခွက်ကို ကိုင်၍ နေညို့ကို
ပြုံး၍ကြည့်နေသည်။"ဟို 'မ' နေညို ဆေးသောက်လို့မရဘူးလား"
နေညိုငိုမဲ့မဲ့လေးနဲ့ပြောတော့
"မရဘူးလေ ဆေးမသောက်ရင် မသက်သာပဲနေမှာပေါ့၊
ဟော နောက်ဆက်တွဲအနေနဲ့ ကျောင်းပျက်ရက်တွေ
များလာရင် စာတွေမလိုက်နိုင်ဘဲ ဖြစ်နေမယ်လေ""ဒေါက်တာက ဆေးထိုးခဲ့တာပဲဟာ၊မသောက်လဲ ကောင်းသွား
မှာကို""မရဘူး သောက်ဆို သောက်လိုက်ပေါ့ အညိုရောင်ရယ်၊
မဆိုးပါနဲ့လားကွာ""ပြီးရောဗျာ...သောက်မယ်"
နေညို ဆက်၍ မငြင်းချင်သောကြောင့်
ဆေးတွေကို မျက်လုံးမှိတ်ကာ အတင်းမျိုးချလိုက်သည်။'မ' က ဆေးထည့်လာသောပန်းကန်နဲ့ ရေခွက်ကို ကုတင်ဘေးရှိ စားပွဲ လေးပေါ်သို့ တင်နေသည်။
နေညိုလည်း အိပ်ရန်အတွက် စောင်နဲ့ ခေါင်းအုံးကိုယူ၍
ကုတင်အောက်သို့ ဆင်ဖို့ ပြင်လိုက်စဉ်"အညိုရောင် ဘယ်သွားမလို့လဲ"
"အောက်မှာ ဆင်းအိပ်မလို့လေ'မ'
ဘာဖြစ်လို့လဲ""မဆင်းနဲ့တော့ ကုတင်ပေါ်မှာ အိပ်လေ၊
နှစ်ယောက်အိပ်လို့ရပါတယ်"'မ'တော့ နေညို့ကို နှလုံးရောဂါရအောင် လုပ်နေပြန်ပြီရယ်။
နေညိုလည်း'ဟုတ်'ဟု ပြောပြီး ကုတင်ပေါ်သို့ စောင်နှင့် ခေါင်းအုံးများကို နေရာချလိုက်သည်။
"အညိုရောင် အိပ်မယ်ဆို အိပ်တော့နော်" မက ထိုသို့ ပြောပြီးသည်နှင့် စားပွဲပေါ်က ရေဘူးကို ယူပြီးလှည့်ထွက်
"ခွမ်း.....အို..."
မရဲ့အနောက်ကနေ ရပ်နေတဲ့ နေညိုနဲ့ တိုက်မိပြီး
ကုတင်ပေါ်သို့ နှစ်ယောက်စလုံးကျသွားသည်။နေညို က
အပေါ်ကနေပြီးတော့ မရဲ့ နှုတ်ခမ်းကို ဖိကပ်လိုက်သလို
ဖြစ်သွားသည်။ မ က အောက်ကနေပြီးတော့ နေညို့ကို မျက်လုံး
ပြူး၍ စိုက်ကြည့်နေသည်။ စက္ကန့် အနည်းငယ်လောက်ကြာသွားတော့
![](https://img.wattpad.com/cover/343272167-288-k997729.jpg)
VOUS LISEZ
နေညိုမိုး(complete)
Roman d'amour♡♡အညိုရောင်ရဲ့ အချစ်ကလေ၊ အရမ်းကြီးမခမ်းနားပါဘူး။ ဒီအတိုင်း ရိုးရိုးလေးပါ၊ နေထွက်တာနဲ့ နေဝင်တာကို မ ရဲ့လက်ကလေးဆုပ်ကိုင်ပြီး အတူတူကြည့်ချင်တာမျိုး။ နေညိုမိုး လေးရွာရင် မ အတွက် ထီးကလေး တစ်ချောင်း ဖြစ်နေချင်ယုံပါ။ အညိုေရာင...