part~32

980 59 0
                                    

Unicode

"မိုး ....."

ထိုလူဟာ နေညိုတို့အနားကိုရောက် ရောက်ချင်း 'မ'ကိုသာ
ကြည့်နေသည်။ နေညို့ကိုတော့ သတိထားမိမယ်လို့တောင် မထင်ဘူး။'မ' က ဘာမှ မပြောပေမယ့် ထိုလူကို ရပ်ကြည့်နေသည်။

"မ မောင်တို့ သူ့ကို အိမ်ထဲ ခေါ်ရအောင်၊မဟုတ်ရင် အအေးမိလိမ့်မယ်"

အရှေ့ကလူကို ကြည့်ရတာ သိပ်ချမ်းနေပေါ်သဖြင့်
'မ'ကို တိုးတိုးလေးကပ်ပြောရသည်။

"အိမ်ထဲအရင် ဝင်ကြရအောင် ကိုနေမျိုးထက်"

မ ပြောတော့ နေညို ဖြတ်ခနဲသတိရလိုက်မိသည်။
ဟိုတစ်ခါ ဒေါက်တာအမ မိတ်ဆက်ပေးတဲ့ အမျိုးသားပဲ။
'မ'နဲ့ သိနေတာလား။
မ ပြောတော့ ထိုလူက ခေါင်းလေးညိတ်ပြီး ပြုံးနေသည်။
အဆောင်ပေါ်သို့ရောက်တော့

"အဝတ်လဲစရာတော့ မိုးတို့မှာ မရှိဘူး ကိုနေ"

"ရပါတယ် မိုးရဲ့ ခဏနေ ကိုပြန်တော့မှာ"

"အင်း"

နေညို 'မ'တို့ကို ထားခဲ့၍ မီးဖိုချောင်ဘက်သို့ ဝင်လာလိုက်သည်။ကော်ဖီ နှစ်ခွက် ဖျော်လိုက်ပြီး
'မ 'တို့ ကို သွားပေးတော့ ဟိုလူက နေညို့ကို အခုမှ သတိထားမိဟန်ဖြင့် ပြုံးပြနေသည်။

"ကိုယ့်ကို မှတ်မိလား ညီမလေး''

"ဟုတ်ကဲ့ နေညို မှတ်မိပါတယ် ၊၊ အကိုတို့ အေးဆေးစကားပြောကြဦးနော်"

မ က နေညို့၏ လှုပ်ရှားမှုများကို ငေးကြည့်နေပြီး
ကုလားထိုင်ပေါ်တွင် လက်လေးနှစ်ဖက်ကို ပိုက်ပြီး ထိုင်နေသည်။

"မ ချမ်းနေလို့လား၊ကော်ဖီသောက်လိုက်နော်"

'မ' က နေညိုပြောတာကို ခေါင်းလေးညိတ်၍
အငွေ့တလူလူ ထွက်နေသော ကော်ဖီ တစ်ခွက်ကို
ကိုင်လိုက်ပြီး နည်းနည်းအေးအောင် လေဖြင့်မှုတ်နေသည်။

"ကျေးဇူးတင်ပါတယ်နော် ညီမလေး၊၊မိုးကို စောင့်ရှောက်ပေးထားတဲ့အတွက်"

ဒီလူက ပိုင်စိုးပိုင်နင်းပါလား။ဘာလဲဟ ဇွတ်တွေ ကျေးဇူးတင်နေတာ။'မ' နဲ့က အသိတွေလား ၊ဒါမှမဟုတ်
တစ်ခုခု ပက်သက်နေတာလား"

နေညိုမိုး(complete)Donde viven las historias. Descúbrelo ahora