part~19

962 61 0
                                    

Unicode

နှစ်ပတ်ခန့်ကြာသော်

"နေညို မုန့်ဈေးတန်းသွားရအောင်"

လေပြေက နေညို့ဘေးနား၌ထိုင်၍ ခုံပေါ်‌တွင်မှောက်အိပ်နေသော နေညိုကိုကြည့်ကာ
ပြောလာသည်။

"ငါ မလိုက်ချင်ဘူး လေပြေ"

"လိုက်ပါဟာ ဒီလိုနေတာ နှစ်ပတ်တောင်ရှိနေပြီလေဟာ"

ပြဿနာဖြစ်ပြီးကတည်းက ထမင်းဆိုလည်း ပုံမှန်မစား၊
ကျောင်းလာရင်လည်း တနေ့လုံး ထိုင်နေတာ
နေညို ခေါင်းမာကြောင်း လေပြေအခုသိ‌ေနပြီ။

"ငါစိတ်မပါလို့ပါဟာ"

"နင်အဲလိုပဲ့ နေတော့မှာလား၊"

"......."

"နေညို ...."

"ပြော နားထောင်နေတယ်"

"လာပါ ဟာ နော် ငါ နင်ကြိုက်တာတွေ အကုန်ဝယ်ကျွေး
မယ်နော်...နော်"

နေညို သက်‌ပြင်းလေးတစ်ချက်ချ၍ လေပြေ့ ကို
မော့ကြည့်လိုက်တော့ ဘေးနားမှာ ‌‌ေမးလေးထောက်ကာ
နေညို့အဖြေကို စောင့်နေ ရှာသည်။

"နော်လို့ ..."

"အေးပါ သွားမယ်"

"ရေး....လိမ်မာတယ် မောင်မင်း
သွားမယ် ထ"

နေညို့လက်မောင်းကို အတင်းဆွဲကာ
ထူနေသော လေပြေ့နောက်သို့ ရက်ကန်ရက်ကန် ပါလာခဲ့ရသည်။

မုန့်ဈေးတန်းသို့ ရောက်သောအခါ

လေပြေတို့ အအေးဆိုင်မှာ ထောင့်ဆုံးအဝိုင်းလေးတွင်
အအေး နှစ်ဘူး မှာပြီး ထိုင်နေလိုက်သည်။

နေညိုက အခုနှစ်ပတ်အတွင်း အရမ်းပိန်သွားသည်။
ညတွေဆိုလည်း တော်ရုံနဲ့မအိပ် တခါတလေ ပန်းချီဆွဲ
နေတတ်သလို၊တစ်ယောက်ထဲ အသံမထွက်ပဲ ခိုးငိုနေတတ်
သည်။လေပြေ့ နေညို့ကို သနားလိုက်တာ။ ဟိုစာရွက်က ဘယ်သူ့ရေးတာလဲလို့ စဉ်းစားရလွန်းလို့ စိတ်ပင်ပန်းရတဲ့
နေ့တွေလည်းများပြီ။

လေပြေနဲ့ နေညို က မျက်နှာချင်းဆိုင်ထိုင်သောက်နေသောကြောင့်
နေညို့ကိုကြည့်လိုက် တော့ နေရာတစ်ခုကိုကြည့်ပြီး
မျက်ရည်ဝဲနေသည်။

နေညိုမိုး(complete)Tahanan ng mga kuwento. Tumuklas ngayon