ဆုဆု ကမ်းဘတ်ချင်ဇောနဲ့လောပြီး ဇာတ်လမ်းထဲမှာပါတဲ့ မရင်းနှီးတဲ့အကြောင်းအရာတချို့ကိုရှင်းပြဖို့မေ့သွားတာ။ fangirl လောကက ကလေးတွေနဲ့မစိမ်းပေမယ့် ဆိုရှယ်မီဒီယာသိပ်မသုံးကြတဲ့ တီတီတွေမမတွေညီမလေးတွေအတွက် နောက်ပိုင်း ဇာတ်လမ်းထဲမှာပါလာမယ့် အသုံးအနှုန်းလေးတွေကို မိတ်ဆက်ပေးထားပါရစေနော့်
ဒီမှာ Zodiac Sign ဆိုတာကတော့ အနောက်နိုင်ငံတွေက သတ်မှတ်ထားတဲ့ကိုယ့် မွေးရက်၊ မွေးလကိုပိုင်းခြားသတ်မှတ်ထားတဲ့ ကိုယ်စားပြုသင်္ကေတတွေပေါ့။ ဒီထဲမှာ အဓိကဇာတ်ဆောင်တစ်ယောက်ရဲ့ရာသီဖွားက မြန်မာမှုအရဆို ဗြိစ္ဆရာသီဖွား အင်္ဂလိပ်လို (Scorpio) ပေါ့။ Sign of Saturn လို့ခေါ်ကြပါတယ်။ မြေအောက်ကမ္ဘာကို အုပ်ချုပ်တဲ့ ဂရိနတ်ဘုရား Hades (ဟေးဒီးစ်) ကိုကိုယ်စားပြုပါတယ်။ ဒီရာသီဖွားရဲ့ ထူးခြားချက်က လျှို့ဝှက်တယ်၊ အကြောက်အရွံ့ကင်းပြီး စိတ်အားထက်သန်မှုပြင်းပြတာပဲဖြစ်ပါတယ်။ ခွင့်လွှတ်ဖို့ခက်ခဲပြီး လက်စားချေလိုမှုပြင်းတဲ့နေရာမှာလည်း နာမည်အကြီးဆုံး ရာသီခွင်ဖြစ်ပါတယ်နော်။ ဓါတ်ကြီးလေးပါးအနေနဲ့ဆိုရင် Water ကိုကိုယ်စားပြုပါတယ်။ ဆိုတော့ ဒါလေးက နောက်ပိုင်းထိတွေ့ရမယ့်ကာရိုက်တာကို မြင်ကြည့်တဲ့အခါမှာ အထောက်အကူဖြစ်စေမယ့် အချက်အလက်လေးတွေပါပဲ။
နောက်တစ်ခု ပြောရရင် ဇာတ်လမ်းနာမည်မှာပါတဲ့ terms ပေါ့။ Red Flag အလံနီကဘာလဲဆိုရင်တော့ ခုခေတ်ကလေးတွေကြားမှာ ခေတ်စားတဲ့ဗန်းစကားတစ်ခုပါပဲ။ သူတစ်ပါးရော ကိုယ်တိုင်နာကျင်မှာကိုပါမတွေးပေးတတ်ဘဲ ကိုယ့်စိတ်အတိုင်းလွှမ်းမိုးချုပ်ကိုင်လိုတဲ့အကျင့်စရိုက်ရှိသူတွေကို အလံနီတွေလို့ခေါ်ကြပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူတစ်ပါးကိုတွေးပေးတတ်၊ နားလည်ပေးတတ်ပြီး ကြင်နာနွေးထွေးတဲ့လူတွေကိုတော့ အလံစိမ်း Green Flag လို့ခေါ်ကြပါတယ်။ တစ်ချို့တစ်လေမှာတော့ အကျင့်စရိုက်နှစ်မျိုးလုံးရောပြွန်းတွေ့ရတဲ့အခါ နီစိမ်းရောတဲ့ ဖရဲသီးလို့လည်း စနောက်ကြပါသေးတယ်။ ဒါက ဖန်ဂဲလ်လောကနဲ့မနီးစပ်သူတွေ ဇာတ်လမ်းဖတ်တဲ့အခါ ရင်းနှီးသွားအောင် ပြောပြပေးတာပါနော်။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA