လက်ထဲကဘောပင်ကိုနားကြားထဲထည့်ပြီး ipad ကိုဖွင့်လိုက် ပိတ်လိုက်လုပ်နေတဲ့ မိုးသောက်အနားကို team 2 က ကိုသီဟရောက်လာသည်။
"မိုးသောက် မသွားသေးဘူးလား။ ဒီနေ့ ဦးစီးဘုန်းလျှံရဲ့ ပထမဆုံးနေ့မလား"
"ကိုသီဟတို့ team 2 ကကိုင်နေတဲ့ ဆရာဝန်ရုပ်ရှင်မင်းသမီး case လေ။ ကျွန်တော် အဲ့ကိုပဲသွားလိုက်ရမလားလို့။ သူက တကယ် public က လေးစားစံထားရတဲ့လူဆိုတော့ အမှားဖြစ်လို့ မကောင်းဘူးမလား။ ကျွန်တော်ကိုယ်တိုင်သွားပြီး သူ့ကိုအလေးထားတာ ပြပေးရမယ်လို့ ထင်တယ် ဟုတ်တယ်မလား"
"မထင်ပါဘူး"
မိုးသောက် မျက်နှာ တွန့်လိမ်သွားရသည်။ လူကထိုင်နေလို့မရတော့ဘဲ မတ်တပ်ရပ်ပြီး အင်္ကျီလက်တွေကိုပါ တွန်းတင်ပစ်မိ၏။
"သူက ရိုးရိုးအေးအေးနဲ့ ရှော့ရှိတဲ့လူမှမဟုတ်တာ။ ပြီးတော့ သူ့ကို monitoring လုပ်ပေးနေတဲ့ ဆုလာဘ်နဲ့လည်း သူတို့မိန်းကလေးချင်းအဆင်ပြေပြီးသား။ ခင်ဗျားလူကြီးဆီသာသွားပါဗျာ"
"ကျွန်တော့်လူမဟုတ်ပါဘူး"
မိုးသောက်အသံက ခါးခါးတူးတူး။ ကိုသီဟက အထူးအဆန်းမျက်လုံးတွေနဲ့ မော့ကြည့်လာ၏။
"ခင်ဗျားမသိဘူး ကိုသီဟ။ အဲ့ဘဲက တော်ရုံအမျိုးအစား မဟုတ်ဘူး"
"တော်ရုံမဟုတ်လို့လည်း ကျွန်တော်တို့ဖောင်ဒါကိုယ်တိုင် ရှေ့ထွက်မှဖြစ်တော့မှာပေါ့။ ဘယ်သူနဲ့သွားလွှတ်ထားလို့ရပါ့မလဲ။ မိုးသောက်တောင် ဒီလိုဖြစ်နေရင် ကျန်တဲ့လူ ဘယ်သူများ သူ့ကေ့စ်ကို ကိုင်နိုင်မလဲ"
"ကိုသီဟကိုင်နိုင်တယ်လေ"
မိုးသောက် ပြီးစလွယ်ပြောလိုက်တာမျိုးမဟုတ်။ သူ ဒီအေဂျင်စီကို စတည်ထောင်ပါပြီဆိုတည်းက သူနဲ့အတူတူ ဆိုးတူကောင်းဖက် ခါးစည်းခံပေးခဲ့တဲ့ ကိုသီဟက မိုးသောက်နဲ့အတူတူ ဒီနယ်ပယ်မှာ အသိအမှတ်ပြုခံထားရသူတစ်ဦးပင်။ တကယ့် VVIP case တွေမှာဆို မိုးသောက်မဟုတ်ရင် သူ့ကိုပဲ လွှဲပေးရတာမျိုး။ သူကိုယ်တိုင် အေဂျင်စီတစ်ခုဖန်တီးနိုင်နေပြီဖြစ်ပေမယ့်လည်း မိုးသောက်အနားကထွက်မသွားဘဲ ဒီအေဂျင်စီကိုသာ ကောင်းသထက်ကောင်းအောင် ပံ့ပိုးပေးနေသူ။ မိုးသောက် ကိုယ့်ကိုကိုယ်ထက်တောင် ကိုသီဟကို ပိုယုံကြည်တယ်ပြောရတာ အပိုမဟုတ်ပါ။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA